ပါဝင်ပစ္စည်းများ
ပုစွန်
ပဲကြာဆန်
ကြက်သွန်မြိတ်
မုန်ညင်း
ရွှေပဲသီး
ဥနီ
ပြောင်းဖူး အသေး
သကြား
ပဲငံပြာရည်
ကြက်သားမှုန့်
ငရုတ်ကောင်း
ကြက်သွန်ဖြူ
ဆီ
နှမ်းဆီမွှေး
ပဲငံပြာရည်အပျစ်
ပြုလုပ်ပုံ အဆင့်ဆင့်
ပုစွန်နဲ့ အသီးအရွက်တွေကို ရေဆေး၊ ပုဇွန်ကိုကျောခွဲ အချိုအငန်နယ်ကာ အရွယ်တော် လှီးပြီး ဆီပူပူမှာ ထည့်ကြော်ပါ။ ကြော်ပြီးရင် ဆယ်ထားပါ။ ကြက်သွန်ဖြူဆီသတ်ပြီး ဆီမွှေးလာရင် အသီးအရွက်တွေ ထည့်ပါ။ အရွက်တွေ နူးလာရင် ပဲကြာဆန်ထည့်ပြီး ရေနည်းနည်း ထည့်ထားပါ။
ပြီးမှပဲငံပြာ ရည်အပျစ်ရောပြီးအချိုအငန်ထည့်ပါ။ ဆီမွှေးနည်းနည်းထည့်၊ အရသာ အနေတော်ဖြစ်ပြီဆိုရင် ကြော်ထားတဲ့ ပုစွန်ကို အပေါ်မှာတင်၊ လှီးပြီးသား ကြက်သွန်မြိတ်ကို ထပ်ထည့်ပါ။ ဒါဆိုရင်တော့လှပပြီး အရသာရှိလှတဲ့ ထိုင်းစတိုင် ပုစွန်ပဲကြာဆန် မြေအိုးဟင်းတစ်ခွက် ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment