အမဲသား ကြက်ဥမွှေကြော် ပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများ
၁။ နူးအောင် ကြော်ပြီးသား အမဲသား
၂။ ကြက်ဥ
၃။ ကြက်သွန်မြိတ်
၎။ ဂျင်း(ထုထောင်းပြီး)
၅။ ပဲငံပြာရည်
၆။ ကော်မှုန့်
၇။ ငရုပ်ကောင်းမှုန့်
၈။ ဆား
၉။ ဆားဆော်ဒါ
၁၀။ ငရုပ်ကောင်း
၁၁။ ပလောပီနံမှုန့်
ပြုလုပ်ပုံ အဆင့်ဆင့်
ပထမဦးစွာ အမဲသားကြော်ကို ပါးလွှာလွှာ လှီးပါ။ ပဲငံပြာရည်၊ ငရုပ်ကောင်းမှုန့်နှင့် ကြက်ဥ တစ်လုံးဖောက်ထည့်ကာ မွှေပါ။ အမဲသားအပေါ်မှ လောင်းထည့်ပါ။ ကော်မှုန့်အုပ်ပါ။ ပြီးလျှင် ဆား၊ ဆားဆော်ဒါ၊ ငရုပ်ကောင်းနှင့် ပလောပီနံမှုန့်တို့ကို ကြက်ဥဖြင့် ရောသမအောင် မွှေပေးပါ။ ဒယ်အိုးကို ဆီထည့်ပြီး အမဲသားကို ခေတ္တထည့်ကြော်ပါ။ ပြီးလျှင် ဆယ်ထားပါ။ ဂျင်းနှင့် ကြက်သွန်မြိတ်ကို ဆီပူထိုးပါ။ ၎င်းအပေါ်သို့ ဆား၊ ဆားဆော်ဒါ၊ ငရုပ်ကောင်းနှင့် ပလောပီနံမှုန့်ကို ကြက်ဥဖြင့် ရောသမမွှေထားသော အရောအနှောကို လောင်းထည့်ပါ။ အားလုံးအဖတ်များ ဖြစ်သွားမှ ဆယ်ထားသော အသားကို ပြန်ထည့်ပြီး မွှေပါ။ ထို့နောက် ပန်းကန်ပြားပေါ်တွင် သခွားသီးအကွင်းလိုက် လှီးကာ ရံထားပြီး ဟင်းများကို ခတ်၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
Ref: 8 Days

0 comments:
Post a Comment