ပါဝင်ပစ္စည်းများ
ပုစွန်တုပ်
ခရုဆီ
ကြက်သွန်မြိတ်
ငရုတ်ပွ
ပြုလုပ်ပုံအဆင့်ဆင့်
ပုစွန်တုပ်ကို သန့်စင်ပြီး အရသာ ပေါ့မနေရအောင် ဆားနည်းနည်းထည့် နယ်ပါ။
အရောင်လှလှနဲ့ အရသာ ပိုချိုအောင် နနွင်းမှုန့်နဲ့ ခရုဆီထည့် နယ်ရပါမယ်။
အနံ့လေးမွှေးပြီး အရောင်ဝင်းနေအောင် ဆီနည်းနည်းသုတ်ပြီးမှ ကင်ပါ။
ကြက်သွန်မြိတ်ကို အနေတော်အရွယ်လှီးပြီး ငရုတ်ပွကိုတစ်ခြမ်းခြမ်း လို့ အကွင်းလေးတွေလှီးပါ။
ကင်ထားတဲ့ ပုစွန်ကျက်လောက်ပြီ ဆိုရင် လှီးချွတ်ထားတဲ့ ကြက်သွန်မြိတ် နဲ့ ငရုတ်ပွကို အပေါ်ကတင်ပြီး သုံးဆောင်လို့ ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment