ပါဝင်ပစ္စည်းများ
ဝက်သား
လက်ပံပွင့်ခြောက်
ဟင်းခတ်မှုန့်
ပဲဆီ
ငရုတ်သီးမှုန့်
မဆလာ
ငံပြာရည်အကြည်
ကြက်သွန်ဖြူ၊ နီ
ငရုတ်သီးစိမ်း
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ဝက်သားကို အနေတော်အတုံးများတုံး၍ ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်အကြည်တို့နှင့် သမစွာနယ်ပါ။ လက်ပံပွင့်ခြောက်ကို ရေနွေး အနည်းငယ် ဖျောပါ။
ထို့နောက် ဆီပူအောင် တည်ပြီး ကြက်သွန်ဖြူ၊ နီတို့နှင့်ဆီသတ်ပါ။ မွှေးလာလျှင် ဝက်သား ကို ထည့်ပါ။ ဆူပွက်လာလျှင် ရေနွေးဖျောထားသော လက်ပံပွင့်ခြောက်များကို ရေညှစ်၍ ထည့်ပြီး ငရုတ်သီးစိမ်းများ လိုသလောက်ထည့်ပါ။
ဆီပြန်၍ အသားနူးအိလာပြီး လက်ပံပွင့်ခြောက်များ နူးလာလျှင်မြိန်ယှက်စွာ သုံးဆောင် နိုင်ပါသည်။
Ref : 8 Days

0 comments:
Post a Comment