ပါဝင်သောပစ္စည်းများ
မှိုလုံး - ၁၈ လုံး
ရေညှိ - နှစ်ပြား (အကြီး)
ခရု - ၁၈ ခု
မုန်ညင်း - နှစ်စည်း
ကော်မှုန့်၊ ဟင်းခတ်မှုန့် - (အနည်းငယ်) နှစ်ဇွန်းစီ
ဆား၊ ငရုတ်ကောင်း - (အနည်းငယ်) နှစ်ဇွန်းစီ
ကြက်သွန်ဖြူ - နှစ်လုံး (နှစ်ကျပ်သား)
ဆီမွှေး - (အနည်းငယ်) ၂၀ ကျပ်သား
အရက် - အနည်းငယ်
ချင်း - အနည်းငယ်
ကြက်ဥ - ငါးလုံး
မုန်လာဥနီ - ၂ လုံး
ပြုလုပ်ပုံ အဆင့်ဆင့်
(၁) မှိုလုံးကိုအူဖောက်၍ စင်အောင်ဆေးပါ။ အိုးတစ်လုံးတွင် ဆီထည့်၍ ကြက်သွန်နီ၊ ချင်းတို့ကို ဆီသတ်၍ အရက်အနည်းငယ်ထည့်မွှေပါ။ ရေလိုသလိုထည့်၍ ဆူလာအောင် တည်ပါ။ ရေဆူပွက်လာလျှင် မှိုကိုထည့်၍ ပြုတ်ပါ။ နူးလျှင် ပန်းကန်တစ်ခုတွင်ထည့်၍ ဖယ်ထားပါ။
(၂) ခရုစိမ်း သို့မဟုတ် စည်သွတ်ဘူးမှ ခရုဖောက်၍ အရေနှင့်အသားကို သတ်သတ်စီ ထားပါ။ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥနှစ်လုံးအကာကိုရော၍ ခရုအသား နှင့် ရောမွှေထားပါ။ ဒယ်အိုးတစ်ခုတွင် ဆီ ၂၀ ကျပ်သားခန့်ထည့်၍ ၎င်းပြုပြင်ထားသော ခရုတစ်လုံးစီအလိုက် ကြော်ပါ။ ရွှေဝါရောင် သန်းလျှင် ဆယ်ယူပါ။
(၃) မုန်လာဥနီကို အချောင်းလေးများလှီးပါ။ မုန်ညင်းခါးကို နုပ်နုပ်စင်းပါ။ ကြက်ဥသုံးလုံး နှင့် ဖယ်ထားသော အနှစ် နှစ်လုံးပါထည့်၍ ကော်မှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်း၊ ဆားရော၍ ခေါက်ပါ။
မုန်ညင်းခါးကိုလဲ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းထည့်၍ ဆီနည်းနည်းနဲ့ ကျက်ရုံ ကြော်ပါ။ ပန်းကန်တွင် အောက်မှဆီတစ်ဇွန်းထည့်၍ သုပ်ပါ။ အပေါ်မှ ကြက်ဥခေါက်ကို ဖြန့်ပါ။
ခရုနှင့် မုန်ညင်းရောပြီး ၎င်းအပေါ်ဖြန့်ပြီးတင်ပါ။ မှိုလုံးများစီ၍ တင်ပါ။ ရေညှိကို အပေါ်မှ ဖြူးပါ။ ကြက်ဥအခေါက်များကို အကုန်စွဲနိုင်အောင် လောင်းချပါ။ ကင်တဲ့ဖိုတွင် (၇ မိနစ် လောက် ကင်ပါ)။ ပြီးရင် ထုတ်ပြီး စားသုံးနိုင်ပါသည်။
Ref : The Flower News

0 comments:
Post a Comment