ပါဝင်သည့်ပစ္စည်းများ
ဂဏန်း - ၁ ကီလိုဂရမ်
ဆီ - စားပွဲတင်ဇွန်း ၅ ဇွန်း
ထောပတ် - စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်နီဥသေး - ၄ လေး (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ - ၄ မွှာ (နုပ်နုပ်စဉ်းထားပါ)
ပဲငပိ - စားပွဲတင်ဇွန်း ၁ ဇွန်း
ပုစွန်ခြောက် - စားပွဲတင်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်းထားပါ)
ငရုတ်ကောင်းအမည်းမှုန့် (Ground Black Pepper) - စားပွဲတင်ဇွန်း ၂ ဇွန်း
ဟင်းခတ်ရွက် - ၁၀ ရွက်
ငရုတ်သီးတောင့် - ၅-၁၀ တောင့် (နုပ်နုပ်စဉ်းထားပါ)
ရေ - ၁၂၅ ml
ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
ခရုဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
နံနံပင် - အနည်းငယ်
ချက်ပြုတ်နည်းအဆင့်ဆင့်
ဂဏန်းကို ရေစင်အောင်ဆေးပြီး၊ နှစ်ခြမ်းခြမ်းလိုက်ပါ။ အထဲမှ အညစ်အကြေးများကို ဖယ်ရှားပြီး လက်မများကို ညှပ်ဖြင့်ခွဲပါ။ သို့မှသာ ဟင်းအနှစ်များ အထဲသို့ဝင်ပြီး ပိုမို အရသာ ရှိပါမည်။
ဒယ်အိုးထဲ ဆီထည့်ပြီး မီးပြင်းပြင်းဖြင့် အပူပေးပါ။ ဆီပူလာလျှင် ဂဏန်းထည့်ပြီး ၁၅ မိနစ်ခန့် (သို့မဟုတ်) ဂဏန်းများ တစ်ဝက်ခန့် ကျက်လာသည်အထိ ကြော်ပါ။ ပြီးလျှင် ဆီမှ ဆယ်ပြီး သပ်သပ်ဖယ်ထားပါ။
ထို့နောက် ဆီပူအိုးထဲသို့ ထောပတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲငပိ၊ ပုစွန်ခြောက်၊ ငရုတ်ကောင်း၊ ဟင်းခတ်ရွက်နှင့် ငရုတ်သီးတို့ကို ထည့်၍ အနံ့မွှေးလာသည်အထိ ကြော်ပါ။ ခြောက်လာလျှင် ရေအနည်းငယ်ထည့်ကြော်ပါ။
ပြီးလျှင် ဂဏန်းကိုထည့်၍ အခြားကျန်ရှိသော ပဲငံပြာရည်အနောက်၊ သကြားနှင့် ခရုဆီ တို့ကိုထည့်ပြီး ၁၀ မိနစ်ခန့် မီးအနေတော်ဖြင့် ထပ်ကြော်ပါ။ အနှစ်ခြောက်လာလျှင် ရေနည်းနည်းထည့်ချက်ပါ။ ပြီးလျှင် နံနံပင်ဖြူးကာ ထမင်းပူပူဖြင့် သုံးဆောင်နိုင်ပါပြီ။
Ref : Myin Kwin

0 comments:
Post a Comment