ပါဝင်ပစ္စည်းများ
ဝက်သား
ကူးချိုင့်
ရှလကာရည်
ယိုးဒယားပဲငံပြာရည်
ကြံသကာ
ငရုတ်သီးတောင့်
နံနံပင်
ပြုလုပ်ပုံအဆင့်ဆင့်
ဝက်သားကို သန့်စင်ပြီး နုပ်နုပ် စဉ်းထားမယ်။ ကူးချိုင့်ကို အနေတော် လှီးဖြတ်ထားမယ်။ ဝက်သားကို ချိုငန်အရသာသွင်းတဲ့အခါ အနံ့လေး မွှေးကြိုင်နေအောင်ယိုးဒယား ပဲငံပြာရည်လေးပါထည့်မယ်။
ပြီးမှ အရသာ သွင်းထားတဲ့ ဝက်သား ကို ကူးချိုင့်နဲ့ ရောပြီး ဖက်ထုပ် အရွက်ထဲထည့်ပြီး လိပ်မယ်။တစ်ပွဲစာလောက် ရပြီဆိုရင်တော့ ဆီပူပူ မှာကြော်လိုက်ပြီး ပန်းကန်နဲ့ ခပ်ထားမယ်။
ရှလကာရည်ကို ယိုးဒယား ကြံသကာနဲ့ ရော၊ ပဲငံပြာရည် အနောက် ကိုထည့်ပြီး ချင်းကို ပါးပါးနုပ်နုပ်လေးတွေ စဉ်းထည့်မယ်။ ထောင်းပြီးသား ငရုတ်သီးတောင့်ကို ဆီနဲ့ကြော်ပြီး နောက်ဆုံးမှ နံနံပင်နဲ့ ရောထည့်မယ်။ ဒါဆိုရင်တော့ ချင်းနံ့သင်းသင်းနဲ့ ချိုချဉ်စပ် အရသာသုံးမျိုးခံစားရမယ့် ချဉ်ရည်ကို ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment