ပါဝင်သောပစ္စည်းများ
ဝက်သား - ၅၀ ကျပ်သား
ချဉ်ပေါင် - ၂ စည်း
ကြက်သွန်နီ - ၅ လုံး
ကြက်သွန်ဖြူ - ၂ လုံး
ဆီ - ၅ ကျပ်သား
ဟင်းခတ်မှုန့် - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ဝက်သားများကို ရေစင်အောင် ဆေးပြီးအနေတော်တုံး၍ ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်နယ်ထားပါ။
ချဉ်ပေါင်ရွက်များကို သင်ပါ။
ကြက်သွန်ဖြူ ၊ နီ ကို ကြိတ်ထားပါ။
ပထမဆုံး ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် နနွင်းထည့်၍ ကြိတ်ထားသော ကြက်သွန်များကို ဆီသတ်ပါ။
အနံ့မွှေးလာလျှင် အရောင်တင် အနည်းငယ်ထည့်ပါ။
ပြီးလျှင် ဆား၊ နနွင်းနယ်ထားသော ဝက်သားကို ထည့်၍ ဆီသတ်ပါ။
အသားကို ကျစ်နေအောင် မွှေမွှေပေးရပါမယ်။
ဆီပြန်၍ အစိမ်းနံ့ပျောက်သွားလျှင် ဝက်သားကို ရေမြုပ်အောင်ထည့်ပါ။
အသားများ နူးသည်အထိ ထားရပါမယ်။
အသားများ နူးသွားလျှင် သင်ထားသော ချဉ်ပေါင်များကို ထည့်ပေးပါ။
အသားထဲသို့ အချဉ်ဓာတ်ဝင်သွားပြီဆိုလျှင် အပေါ့အငန်မြည်း၍ သုံးဆောင်နိုင်ပါပြီ။
Ref: Myin Kwin

0 comments:
Post a Comment