www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

အာလူး ငါးဖယ်လိပ်ကြော်



ပါဝင်ပစ္စည်းများ
အာလူး
ငါးဖယ်ခြစ်
ဂျင်း
ကြက်သွန်ဖြူ
ငရုတ်ကောင်း
ဆား
ဆီ
ဟင်းခတ်မှုန့်
ဒီတစ်ပတ်တော့ လုပ်ရတာလည်းလွယ် အာဟာရလည်းဖြစ်တဲ့ အားလူး ငဖယ်လိပ်ကြော် လုပ်စားကြမယ်။
ပြုလုပ်နည်း အာလူးခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီး အလွှာပါးပါးလေးတွေ ရအောင် လှီးထားပါ။
ငါးဖယ်ကို ညက်နေအောင် ထောင်းထားတဲ့ ဂျင်းနဲ့ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီး အနည်းငယ် ထောင်း ပေးပါ။
ပြီးရင် ပါးပါးလွှာထားတဲ့ အာလူးထဲကို အရသာသွင်းထားတဲ့ ငါးဖယ်ထည့်လိပ်ပါ။
အလိပ်မပြည်သွားအောင် ဒုတ်သေးသေးနဲ့ ထိုးပြီးထိန်းပေးပါ။
အလိပ်လေးတွေ လိုသလောက် ရပြီဆိုရင် ဆီအိုးကိုတည်ပါ။
ဆီပူလာရင် ငါဖယ်လိပ်လေးတွေကို ထည့်ကြော်ပါ။
အာလူးအနားလေးတွေကြွပ်ပြီး ရွရွလေး ဖြစ်လာရင် အိုးထဲက ဆယ်လို့ရပါပြီ။ ဒါဆိုရင် တော့ ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ အရသာ ရှိလှတဲ့ အာလူးငါးဖယ်လိပ်ကြော်ရပါပြီ။
ဒီဟင်းလျာကို သစ္စာလမ်းနှင့် ကျောက်ကုန်း လမ်းထောင့်၊ ကံဘဲ့၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ် ထားတဲ့ အင်းလေးအမှတ်တရဆိုင်က ပံ့ပိုးပေး ထားပါတယ်။
by myanmartimes

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်