www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

သံပရာပူတင်း

ပါဝင်သောပစ္စည်းများ
ထောပတ် - ၅၀ ဂရမ်
သကြား - ၈၀ ဂရမ်
ကြက်ဥ - ၂ လုံး (အကာသက်သက်၊ အနှစ်သက်သက် ခွဲထားပါ)
ဂျုံမှုန့် - ၂၅ ဂရမ်
နွားနို့ - ခွက် ၄ ပုံ ၃ ပုံခန့်
သံပရာသီး - ၃ လုံး (အရည်ညှစ်ထားပါ)
သံပရာခွံ(သို့)သံပရိုခွံ - စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့် ရအောင်ခြစ်ထား (သို့မဟုတ်) ပါးပါးလှီးထားပါ။
Icing Sugar (သကြားမှုန့်) - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
အဆင့် (၁) - Oven ကို ၁၇၀° စင်တီဂရိတ်မှာထားပြီး အပူပေးထားပါ။ ဇလုံတစ်ခုထဲတွင် ထောပတ်နှင့် သကြားရောပြီးခေါက်ပါ။ ဂျုံမှုန့်ထည့်ပါ။ နွားနို့နှင့် သံပရာရည်ထည့်ပြီး မွှေပါ။ (အချဉ်လျှော့လိုပါက သံပရာရည်လျှော့ထည့်ပါ။)
အဆင့် (၂) - ကြက်ဥအကာများကို ပွပြီး အမြှပ်ထလာသည်အထိ ခလောက်ပေးပါ။ ပြီးလျှင် စောစောကမွှေထားသော ဂျုံမှုန့်အနှစ်ထဲ လောင်းထည့်ပါ။
အဆင့် (၃) - အပူဒဏ်ခံနိုင်သော ပန်းကန်လုံးလေးလုံးကို ထောပတ်ကြိုသုတ်ထားပါ။ ပြီးလျှင် မှုန့်နှစ်ကို ပန်းကန်လုံးတစ်ခုစီ ခွဲထည့်ထားပါ။
အဆင့် (၄) - မုန့်နှစ်ထည့်ထားသော ၎င်းပန်းကန်များကို ရေနွေးပူ 2.5 စင်တီမီတာ ထည့်ထားသော ဗန်းတစ်ခုထဲစီထည့်ပါ။ ၎င်းဗန်းကို Oven ထဲထည့်ပြီး မိနစ် ၄၀ ခန့် ထည့်ဖုတ်ပါ။ ပူတင်းမစားခင် ခြစ်ထားသော သံပရာခွံ အနည်းငယ်စီတင်ပြီး အပေါ်မှ Icing sugar ဖြူးကာ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်