ပါဝင်ပစ္စည်းများ
ပုစွန်
ဆေးဘဲဥ
ပြောင်းဖူးမှုန့်
ကြက်သွန်မြိတ်
ဆား။
ပြုလုပ်ပုံအဆင့်ဆင့်
ပုစွန်ကိုသန့်စင်ပြီး ပြောင်းဖူးမှုန့်နဲ့ စေးပိုင်တဲ့ အထိ ရောထောင်းပါ။ ဆေး ဘဲဥကိုအခွံခွာပါ။
ပုစွန်အနှစ်တွေကို ဆေးဘဲဥ အလုံး ပေါ်မှာ ထူထူလေးရအောင် ကပ်ပါ။ ဆီပူပူမှာ ထည့်ကြော်ပြီး ကြွပ်ပြီဆိုရင် ဆယ်ပြီး ပန်းကန်ထဲ ထည့်ထားပါ။
ကြော်ထားတဲ့အလုံးလေးတွေ အေး လောက်ပြီဆိုရင် ဓားထက်ထက်တစ် ချောင်းနဲ့ အလုံး လေးတွေကို လေးစိတ် စိပ်လိုက်ပါ။ ပြီးရင် လှီးထားတဲ့ ကြက်သွန်မြိတ်ကို အပေါ်က တင် လိုက်ပါ။ ဒါဆိုရင်တော့ ပြောင်းဖူးနံ့မွှေးမွှေးနဲ့ ပုစွန်ချိုချိုအရသာခံစားရမယ့် ပုစွန်ဆေး ဘဲဥ ကပ်ကြော် တစ်ခွက်ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment