www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

European Roast Sandwich

ပါဝင်ပစ္စည်းများ
ပေါင်မုန့်၊
တူနာငါး (ငါးသေတ္တာ)၊
ကြက်သွန်နီ၊
ချိစ်၊
ငရုတ်ကောင်း။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သွန်နီကို ပါးပါးလှီး၊ ဆီပူပူမှာ နွမ်းရုံကြော်ပြီး ပန်းကန်လုံးထဲထည့် ထားပါ။ တူနာငါးကို ခြေထားပါ။
အားလုံးပြီးပြီဆိုရင် ပေါင်မုန့်ထဲမှာ ခြေထားတဲ့ တူနာငါးအသား၊ ကြက် သွန်ကြော်နဲ့ ငရုတ်ကောင်း သုံးစမျိုးလုံးပြီး ပေါင်မုန့်ထဲ ထည့်ညှပ်လိုက် ပါ။ ပြီးရင် ပေါင်မုန့်ကို စက်ထဲမှာ သုံးမိနစ်ခန့်ထည့်ဖုတ်ပါ။
စက်ထဲက ထုတ်လိုက်တဲ့ပေါင်မုန့်ကို ဓားနဲ့ ထောင့်ဖြတ်လေး လှီးလိုက်မယ်။ ဒါဆိုရင်တော့ ငရုတ်ကောင်းနံ့သင်းသင်းနဲ့ ပေါင်မုန့်ကြွပ် ကြွပ်လေးကို စားလို့ရပါပြီ။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်