ငနီတူငါးခြောက်လေးတွေကိုငရုတ်သီးစပ်စပ်လေးနဲ့ကြော်ပြီးစားကြရအောင်
စပ်ပြီးရှူးရှူးရှဲရှဲလေးမို့ချွေးတွေထွက်ပြီးနေလို့ထိုင်လို့ကောင်းတာပေါ့နော်
ပါဝင်ရမှာတွေက
ငါးခြောက်များကိုအငံဓါတ်လျော့စေရန်နှင့်သဲများစင်အောင်ရေနိုင်နိုင်ဆေးပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူထဲသို့နနွင်းမှုန့်ထဲ့ပြီးမှငါးခြောက်ကိုထဲ့၍ကြော်ပါ
ကြွတ်ရွလာလျှင်ဆယ်၍ဆီစစ်ပေးပါ
ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကိုမညက်တညက်ထောင်းပေးပါ
ဆီနဲနဲနှင့်ငရုတ်သီးထောင်းကိုငံပြာရည်နှင့်ဟင်းခတ်မှုန့်ထဲ့ကာကြွတ်ရွနေအောင်မီးအေးအေးနှင့်ကြော်ပါ
ငရုတ်သီးကြော်အေးသွားလျှင်ကြော်ပြီးသားငါးခြောက်နှင့်ရော၍မွှေပေးပါ
အစပ်တစ်ဘူး အချိုတစ်ဘူးပါ လေလုံလုံနဲ့ထားရင်အကြာကြီးအထားခံပါတယ်
ငါးနီတူအစပ်ကြော်လေးစားပြီးအစပ်ပြေဒူးရင်းသီးလေးခွဲစားလိုက်နော်
အထဲမှာအစေ့သေးသေးလေးနဲ့အသားတွေချည်းဘဲမို့တစ်မွှာဆိုဆိုသလောက်ပါဘဲ စားကြပါနော်
by mmlazp
စပ်ပြီးရှူးရှူးရှဲရှဲလေးမို့ချွေးတွေထွက်ပြီးနေလို့ထိုင်လို့ကောင်းတာပေါ့နော်
ပါဝင်ရမှာတွေက
- ငနီတူငါးခြောက်-250g(ငါးရဲဗိုက်နေရာကမဲမဲလေးများကုန်အောင်ဆေးပေးပါ)
- ငရုတ်သီးတောင့်-၁၅တောင့်(မညက်တညက်ထောင်းပေးပါ)
- ကြက်သွန်ဖြူအမွှာကြီးကြီး-၁၅မွှာ(ငရုတ်သီးနှင့်ရောထောင်းရန်)
- ဆီ-လက်ဖက်ရည်အကြမ်းပုဂံသုံးလုံး
- နနွင်မှုန့်-အနည်းငယ်
- ငံပြာရည်-အနည်းငယ်
- ဟင်းခတ်မှုန့်-အနည်းငယ်
by mmlazp









0 comments:
Post a Comment