ပါဝင်ပစ္စည်းများ
ဝက်အူမကြီး
ကြံမဆိုင်
မြေပဲ
နှမ်း
ဆီမွှေး
ပန်းအရက်
ပြုလုပ်ပုံအဆင့်ဆင့်
ဝက်အူမကြီးကို အနေတော်လှီးပြီး ရေနွေးဖြောပါ။ ရေစစ်အောင် ခဏ ထားပြီးရင် ဆီပူပူမှာထည့်ပြီး အကြွပ်ကြော်ထားပါ။ ကြံမဆိုင်ကိုလည်း အရွယ်တော်လှီးပြီး ဆီပူထဲမှာ ကြွပ်နေအောင် ကြော်ပါ။ ကြော်ပြီးသား ဝက်အူမကြီးနဲ့ ကြံ မဆိုင်တွေကို ဆီမွှေးနဲ့ ပန်းအရက် အနည်းငယ်စီထည့်ပြီး အချိုအငန် ကိုယ့်စိတ်ကြိုက်ထည့်ကြော် လိုက်ရင်တော့ အူမကြီးရဲ့ ခပ်ဆိမ့်ဆိမ့်အရသာနဲ့ အချဉ်ဘက်ကဲတဲ့ ကြံမဆိုင်အရသာကို တွဲစားလို့ရပြီပေါ့။ ကြော်ပြီးသားတွေကို အစေ့လိုက်ကြော်ထားတဲ့မြေပဲနဲ့ နှမ်းကို အပေါ်ကဖြူးပြီး သုံးဆောင်လို့ရပါပြီ။
by The Myanmar Times

0 comments:
Post a Comment