www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ကိုရီးယား ဟင်းနုနယ်ရွက်သုပ်

ပါဝင်သောပစ္စည်းများ (လူ ၄ ယောက်စာ)
ဟင်းနုနယ်ရွက် (အမျှင်ခွာပြီး ရေဆေးထားပါ) - ၂၀ ကျပ်သား
ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၃ ဇွန်း
ကိုရီးယားနှမ်းဆီ - ထမင်းစားဇွန်း ၂ ဇွန်း
နှမ်းစေ့ - ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် (ပါးပါးလှီး) - ၁ ပင်
ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) - ၂ မြွှာ
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ရေသုံးခွက်ကို ဆူအောင်တည်၍ ဆူလျှင် ဟင်းနုနယ်ရွက်ထည့်ပြီး စက္ကန့် ၃၀ ခန့် ရေနွေးဖြောပါ။ ပြီးလျှင် ရေနွေးထဲမှ ဆယ်ယူပြီး ရေအေးဖြင့်ဆေးပါ။ ရေစင်အောင် စစ်ပြီးနောက် လက်ဖြင့်ညင်သာစွာ ရေညှစ်ထုတ်ပစ်ပါ။
၂။ ကျန်ရှိသော ပါဝင်ပစ္စည်းများနှင့် ဟင်းနုနယ်ရွက်ကို ဇလုံကြီးကြီးတစ်လုံးထဲထည့်ပါ။ ထို့နောက် ဟင်းရွက်နှင့် အရသာခတ်ပစ္စည်းများကို နှံ့အောင်မွှေပေးပါ။ နှံ့သွားလျှင် လေလုံသော ဘူးတစ်ဘူးထဲထည့်၍ ရေခဲသေတ္တာအောက်ဆင့်ထည့်ကာ အအေးခံထားပြီးမှ သုံးဆောင်ပါ။
by Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်