ပါဝင်သော ပစ္စည်းများ
၁။ ကြက်သား - ၁၀ ကျပ်သား
၂။ မုန်ညင်းဖြူ - နှစ်စည်း
၃။ ဆား - သင့်တော်ရုံ
၎။ ဟင်းခတ်မှုန့် - သင့်တော်ရုံ
၅။ တရုတ်ပဲငံပြာရည် အကြည်ရည် - သင့်တော်ရုံ
၆။ ဆီ - ငါးကျပ်သား
၇။ ကြက်သွန်နီ - တစ်လုံး
၈။ ကြက်သွန်ဖြူ - တစ်ဥ
၉။ ကော်ရည် - သင့်တော်ရုံ
ပြုလုပ်ပုံ
ပြုလုပ်မည့် ကြက်သားကို ပြုတ်ပြီးအတုံးသေးကလေးလှီးထားပါ။ ထို့နောက် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ မုန်ညင်းဖြူရွက်ကို အနေတော်လှီးပါ။ အရိုးကို အရင့်များဖယ်ပြီး ကျန်သည့်အရိုးနုနှင့် အရွက်ကို ဓားပြားဖြင့် ရိုက်ပြီး လှီးဖြတ်ထားပါ။
ကြက်သားကိုကော်ရည်နှစ်ပြီး ဆီပူနှင့်ကြော်ပါ။ ပြီးလျှင် ဆယ်ထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီ/ ဖြူတို့ကို ဆီသတ်ပါ။ ဆီကျက်ပါက ကြော်ထားသော ကြက်သားနှင့် လှီးသင်ထားသော မုန်ညင်းဖြူတို့ကိုထည့်ပါ။ ထို့နောက် ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်ပဲငံပြာရည် အကြည်ရည်တို့ကို သင့်သလိုထည့်၍ လုံးမွှေပါ။ အနည်းငယ်ကျက်ပါက ကြက်သားပြုတ်ရည်အနည်းငယ်ထည့်ပါ။ ကြက်သားအစား ဝက်သား သို့မဟုတ် ပုစွန် သို့မဟုတ် အသားစုံတို့နှင့်လည်း ချက်စားနိုင်ပါသည်။
Ref :The Flower News

0 comments:
Post a Comment