ပါဝင်ပစ္စည်းများ
ဝက်သား၊ မုန့်ဖတ်၊ ဆလတ်ရွက်၊ သခွားသီး၊ ပဲပင်ပေါက်၊ ပူဒီနာ (ပူစီနံ)၊
မုန်လာဥနီ၊ ရှာလကာရည်၊ သကြား၊ ငံပြာရည်၊ ငရုတ်သီးနီ၊ ကြက်သွန်ဖြူ။
သန့်စင်ပြီးသား ၀က်သားကို အချို အငန် နယ်၊ အနေတော်လှီးပြီး သီတံမှာ ထိုးလို့ ကင်ထားပါ။
သခွားသီးနဲ့ မုန်လာဥနီကို အမျှင်လေးတွေရအောင်လှီးပြီး ပန်းကန်ထဲမှာ မုန့်ဖတ်နဲ့အတူထည့်ပါ။
ဆော့စ်အတွက် ရှလကာရည်၊ ငံပြာရည်နဲ့သကြားတို့ကိုရောကျိုပါ။ ကျိုပြီးသားအရည်ထဲကို ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ ငရုတ်သီးနီကို ထည့်မွှေလိုက်ရင်တော့ ကြက်သွန်ဖြူနံ့ မွှေးမွှေးနဲ့ ချိုချဉ်စပ်ရသာ ဆော့စ်ရပါပြီ။
နောက်ဆုံးမှ မုန့်ဖတ်သုပ်နဲ့တွဲစားဖို့ ပဲပင်ပေါက်နဲ့ ပူစီနံကို မုန့်ဖတ်သုပ် အပေါ်က တင်လိုက်ရင်တော့ ဆော့စ်နဲ့ အလွယ်တကူ စားလို့ရတဲ့ ဗီယက်နမ် စတိုင် မုန့်ဖတ်သုပ်ကို သုံးဆောင်လို့ ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment