ပါဝင်သော ပစ္စည်းများ
ဆန်စီးခေါက်ဆွဲခြောက်
ငါး (ကြိုက်ရာငါးသုံးနိုင်သည်)
ကြက်သွန်ဖြူ/နီ
ဂျင်း
စပါးလင်
ထန်းလျက်ခဲ
ငါးငံပြာရည်
ကြက်သွန်မြိတ်
နံနံပင်
မြေပဲထောင်း
သံပရာသီး
ပြုလုပ်ပုံအဆင့်ဆင့်
ဆန်စီးငါး ခေါက်ဆွဲပြုလုပ်ရာမှာ အရင်ဆုံး ငါးကို ဆားနှင့် ပွတ်ဆေးပြီး စပါးလင်နှစ်ချောင်းနဲ့ ဂျင်းကို ထုထောင်းကာ အိုးထဲသို့ ထည့်ပါ။
ငါးပြုတ်မွှေးလာပြီဆိုရင် အိုးချပြီး ငါးအသားလေးတွေ နွှာပါ။
ပြီးရင် ငါးပြုတ်ရည်ကို ပျစ်သွားအောင် မီးနွေးနွေးနဲ့ တည်ပါ။
ကြက်သွန်ဖြူ/နီ ကို ညက်ညက်ထောင်းပြီး ငါးကိုဆီသတ်ပါ။
ငါးငံပြာရည် နည်းနည်းထည့်ပါ။
အပေါ့အငန်အတွက် ဆားနည်းနည်းထည့်ပါ။
ဟင်းခတ်မှုန့်မသုံးဘဲ ထန်းလျက်ခဲတစ်တုံးကို ဆီအိုးထဲထည့်ပြီး ဆီသတ်လိုက်ပါ။
မွှေးမွှေးကျွတ်ကျွတ်ဖြစ်လာတဲ့အချိန်မှာတော့ ပြုတ်ထားတဲ့ ခေါက်ဆွဲနဲ့ ရောသုံးဆောင်ဖို့ စားပွဲပေါ်တင်ထားလိုက်ပါ။
ပြီးရင် ငရုတ်သီးမှုန့်၊ သံပုရာသီးနဲ့ မြေပဲလေးတွေလဲ ထောင်းထားပါ။
နောက် မုန့်ပန်းကန်ပြားထဲကို ခေါက်ဆွဲဖတ်လေးတွေထည့်၊ ငါးပြုတ်ရည်လေး နည်းနည်းထည့်ပြီးရင် ခေါက်ဆွဲစီးစီးလေးတွေကို တစ်ချောင်းစီဖြစ်သွားအောင် မွှေပါ။
နောက်ပြီး ငါးဆီသတ်ထားတာကိုထည့်၊ တွဲဖက်စားချင်တဲ့ အစာပလာတွေကို အကုန်ထည့်ပြီး စားရုံပါပဲ။
Ref: Hello

0 comments:
Post a Comment