www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဗီယက်နမ်ဆန်မှုန့် အသားအဆာသွတ်

ပါဝင်သောပစ္စည်းများ
ဆန်မှုန့်
ပုစွန်သေး
ပဲပင်ပေါက်
ဝက်လိုင်းသား
ကြက်သွန်မြိတ်
ငရုတ်ကောင်းမှုန့်
ကြက်သားမှုန့်
ငံပြာရည်
သကြား
ဆီ၊
ဆလတ်ရွက်
နနွင်းမှုန့်
ပြုလုပ်ပုံ အဆင့်ဆင့်
ဆန်မှုန့်ကို အချိုအငန်နယ်ပြီး ရေ အနည်းငယ်နဲ့ ရောမွှေပါ။
ဝက်သားကို အသားတုံးလေးတွေတုံးပြီးရင် ပုစွန်နဲ့ ရောပြီး ငံပြာရည်၊ သကြား၊ နနွင်း မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့ အိုးပူထဲမှာ ရောမွှေပါ။
ဒယ်အိုးကို မီးနဲ့ အပူပေး၊ အသင့်ဖျော်ထားတဲ့ ဆန်မှုန့်ရည်ကို အဝိုင်းပုံလေးရအောင်လောင်းထည့်လိုက်မယ်။
အဲဒီအပေါ်မှာမှ အသားနဲ့ ပဲပင် ပေါက်ကို ဖြူးထည့်ပြီး အချိုးတူအောင် ခေါက်လိုက်ပါ။
အဲ..ဒါဆိုရင်တော့ ဗီယက်နမ်စတိုင် ဆန်မှုန့်အသားအဆာသွတ်ကို သုံးဆောင်နိုင်ပါပြီ။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်