www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငရုတ်ပွသီး အစာသွတ်ဟင်း

ပါဝင်သောပစ္စည်းများ
ငရုတ်ပွသီး (အနီရောင်) - ၄ တောင့်
မြောက်အမေရိကမှာသုံးတဲ့ အချဉ်ရည် - ပန်းကန်လုံး တစ်လုံးစာ
ရေနွေး - အနည်းငယ်
ထောပတ်ပဲ (ပဲစိမ်းလုံး) - ပန်းကန်လုံး အသေးတစ်ဝက်
မက်မွန်သီးအပိုင်းအစများ - ပန်းကန်လုံး အသေးတစ်ဝက်
စပျစ်သီးခြောက် - ပန်းကန်လုံး အသေးတစ်ဝက်
ဟင်းသီးဟင်းရွက်ပြုတ်ရည် - အနည်းငယ်
ဒိန်ချဉ် - အနည်းငယ်
သခွားသီး - ၁ လုံး
နံနံစေ့ (လေးစိတ်ကွဲ) - လက်ဖက်စားဇွန်း ၂ ဇွန်း
ကုလားပဲ (သန့်စင်ပြီး) - ၁ ဘူး
ပြုလုပ်ပုံအဆင့်ဆင့်
ငရုတ်ပွသီးကို ရေဆေးပြီး ထိပ်ဖွင့်ထားပါ။ အတွင်းထဲက အစေ့တွေ၊ အမျှင်တွေကို ဖယ်ရှားထားပါ။ ပြီးရင် ပေါင်းအိုးထဲမှာ ပုံစံမပျက် နှစ်မိနစ်လောက်ပြုတ်ပါ။ ပဲစိမ်းလုံး တွေကို ရေနွေးထဲမှာထည့်ပြီး ငါးမိနစ်လောက်ပြုတ်ပါ။ ခက်ရင်းနဲ့ ထိုးထိုးပြီး ဖွပေးပါ။
မက်မွန်သီးခြောက်အစိတ်အပိုင်းတွေ၊ စပျစ်သီးခြောက်တွေ၊ ကုလားပဲခြမ်းတွေ၊ နံနံစေ့ တွေနဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်တွေကို ပေါင်းထည့်ပြီး နယ်ပါ။ အားလုံးနယ်ပြီးရင် ငရုတ်ပွသီးထဲကို ထည့်ပါ။ ပေါင်းအိုးထဲမှာ ဆီထည့်ပြီးမိနစ် ၂၀ လောက်ကြာအောင် ပေါင်းပါ။ ပန်းကန်လုံးတစ်လုံးထဲမှာ သခွားသီးနဲ့ ဒိန်ချဉ်ပေါင်းနယ်ပါ။ ပြီးရင် ပေါင်းပြီးသား ငရုတ်ပွသီးထဲမှာ ဖိသိပ်ထည့်ပါ။
Ref: Life Style

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်