www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

အုန်းနို့မပါတဲ့ တုံရမ်းဟင်းချိုအကြည်

ပါဝင်ပစ္စည်းများ
ပုစွန်တုပ်၊ ပြည်ကြီးငါး၊
ကြက်သားမှုန့်၊ စပါးလင်၊
ပတဲကော၊ ငရုတ်သီးစိမ်း၊
ငါးပြုတ်ရည်၊ ထိုင်းပင်စိမ်း၊
သကြား၊ သံပရာရည်၊
ပုစွန်ငံပြာရည်၊ ငါး၊ မှို။
ပြုလုပ်ပုံအဆင့်ဆင့်
ပုစွန်တုပ်၊ ပြည်ကြီးငါးနဲ့ ငါးတွေအားလုံး ကိုသန့်စင်ပြီး ပုစွန်တုပ်ကို အမြီးချန်ပြီး အခွံခွာ ထားပါ။
ပြည်ကြီး ငါးကိုအရွယ်တော် စောင်းစောင်း လေးတွေလှီးပြီး ငါးကို အသားပြားလေးတွေ ရအောင် လှီးပါ။
ပတဲကောကို အပြားလိုက်လှီး၊ စပါးလင်ကို ခပ်စောင်းစောင်းလှီးပြီး ငရုတ်သီးစိမ်းကိုတော့ ဓားပြားရိုက်ပါ။ မှိုကို ပြုတ်ထားပါ။
အားလုံးပြီးပြီဆိုရင် ဟင်းချိုချက်ဖို့ ရေနွေးအိုးတည်၊ ဆူလာရင် ငါးပြုတ်ရည်နဲ့ လှီးထားတဲ့ အသားတွေ၊ အသီးအရွက်တွေ ထည့်ပါ။
ရေနွေး နည်းနည်းဆူလာမှ ချိုငန်အရသာထည့်၊ သံပရာရည်နဲ့ ငရုတ်သီးစိမ်းထည့်ပြီး အရသာ အနေတော်ဖြစ်ပြီဆိုရင် ထိုင်းပင်စိမ်းကို အုပ်ပါ။
ဒါဆိုရင်တော့ အုန်းနို့မပါတဲ့ တုံရမ်းဟင်းချိုတစ်ခွက် ရပြီပေါ့။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်