ပါဝင်သောပစ္စည်းများ
ငါးဖယ် - ၁၅ ကျပ်သား
အုံးနို့ - အုံးသီးတစ်ခြမ်း
ကြက်သွန်နီ - ၄ လုံး
ပဲငံပြာရည် - အနည်းငယ်
ဂျင်း - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ငါးဖယ်ကိုတော့ ခါတိုင်းချက်သလိုပဲ ထောင်းပြီး ညီညီညာညာလေးတွေ ပြားပြီး ကျော်ပါမယ်။ သိပ်ပြားကပ်သွားရင် အသားတုံးနဲ့တူမှာ မဟုတ်လို့ ခပ်ထူထူလေးပြားဖို့ လိုပါမယ်။
ငါးဖယ်ကျော်ပြီးပြီဆိုရင် ကတ်ကြေးလေးနဲ့ လေးပိုင်းပိုင်းပြီး ညှပ်လိုက်ပါ။ ခုနက ငါးဖယ်ကြော်ထားတဲ့ ဆီထဲကို ကြက်သွန်နီ လေးစိပ်ပိုင်းထားတာ လေးတွေကို အဖတ်ကလေးတွေ ကွာသွားပြီး နွမ်းသွားအောင် မွှေပေးရပါမယ်။
ကြက်သွန်နီနွမ်းသွားရင်တော့ ငရုတ်သီးအရာင်တင်မှုန့်လေး နည်းနည်းထည့်ပါမယ်။ ပြီးရင် ငါးဖယ်ထည့်ပြီး ထပ်မွှေပေးပါ။ ငါးဖယ်နဲ့ ကြက်သွန်နီဖတ်တွေ နှံ့နှံ့စပ်စပ်ဖြစ်သွားပြီး တဲ့အခါမှာ အနံ့လေးမွှေးလာတဲ့အထိ မွှေပေးရပါမယ်။
မွှေနေတဲ့အချိန်မှာပဲ ညက်နေအောင်ထောင်းထားတဲ့ ဟင်းတစ်ခါချက်စာ ချင်းထောင်း လေးကို ယူပြီး အရည်ညှစ်ချလိုက်ပါ။ နည်းနည်းလောက်ထပ်မွှေပေးပြီး ပဲငံပြာရည် အကြည်လေးကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက် ထည့်ပေးရပါမယ်။
အရသာအတွက်တော့ ဆားကိုပဲသုံးမှာဖြစ်တဲ့အတွက် အရသာမြည်းစမ်းကြည့်ပြီး လိုသလို ဆားထည့်လို့ရပါတယ်။ အားလုံးထည့်ပြီး သွားပြီဆိုရင်တော့ အရသာရှိတဲ့ မွှေးပြီးနူးညံ့ နေတဲ့ ဝက်သယောင်ဆီပြန်ဟင်းကို သုံးဆောင်လို့ရပါပြီ။
Ref : 7 Day News

0 comments:
Post a Comment