www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မှိုပေါင်း

ပါဝင်သော ပစ္စည်းများ
ထောပတ် - ၆၀ ဂရမ်
ကြက်သွန်နီဥကြီး - ၁ ဥ
သံလွင်ဆီ - စားပွဲဇွန်း ၂ ဇွန်း
မှိုဖူး - ၂၅၀ ဂရမ်
မှိုပွင့် - ၂၅၀ ဂရမ်
ခရုမှို - ၁၅၀ ဂရမ်
ကြက်သွန်ဖြူ - ၂ မြွာ
ရှမ်းနံနံ - အနည်းငယ်
ဂျုံစေ့ - ပန်းကန်လုံး ၁ လုံးခွဲခန့်
ငရုတ်သီး - အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
ကြက်သွန်နီ၊ မှို၊ ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ရှမ်းနံနံတွေကို ပါးပါးလှီးထားပါ။ ထောပတ် တစ်ဝက်ကို ဒယ်အိုးထဲမှာအပူပေးပြီး ကြက်သွန်နီ ထည့်ကြော်ပါ။ ဂျုံစေ့နဲ့ ဟင်းသီး ဟင်းရွက် ပြုတ်ရည်ကို ထည့်ပြီး ဆယ်မိနစ်လောက်အဖုံးအုပ်ချက်ပါ။ ပြီးရင် ငါးမိနစ်ခန့် မီးအေးအေးနဲ့ တည်ထားပါ။
ဆယ်ပြီး ဘေးခဏဖယ်ထားပါ။ ဒယ်အိုးထဲမှာ သံလွင်ဆီနဲ့ ထောပတ်ထည့်ပြီး ကြက်သွန် ဖြူ၊ ငရုတ်သီးနဲ့ မှိုတွေကို ထည့်ပြီး နူးအိလာတဲ့အထိ ချက်ပါ။ ဂျုံစေ့ချက်ပြီးသားတွေ ထည့်လိုက်ပါ။ ရှမ်းနံနံလေးတွေ အပေါ်ကဖြူးပြီးရင် သုံးဆောင်နိုင်ပါပြီ။
Ref: Life Style

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်