www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဘေဘီအာလူးနှင့် ကြက်တောင်ပံ (Tebasaki To Sato-Imo)

ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ - ၃၀ ကျပ်သား
ဂျပန်ဆာကေး သို့မဟုတ်
ဟင်းချက်ဝိုင် - ထမင်းစားဇွန်း ၃ ဇွန်း
ဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဂျပန်ပဲငံပြာရည် သို့မဟုတ်
ပဲငံပြာရည်အကျဲ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
ချင်းပါးပါးလှီး - ၅ ချပ်
အာလူးအသေးစား (အခွံနွှာထားရန်) - ၁၅ ကျပ်သား
ရွှေပဲသီး (အမျှင်နွှာထားရန်) - ၁၂ တောင့်
ကြက်သွန်မြိတ် (လက်နှစ်ဆစ်ခန့်စီဖြတ်ထားရန်) - ၅ ပင်
ချက်ပြုတ်နည်း
၁။ ကြက်တောင်ပံများကို ဆာကေးနှင့်နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါ။ ဒယ်အိုးထဲတွင် ဆီကိုအပူပေး၍ ကြက်တောင်ပံများကို အရောင်အနည်းငယ်ညိုသည်အထိ မွှေကြော်ပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်မြိတ်နှင့် ရေမြုပ်အောင်ထည့်ပြီး ငါးမိနစ်ခန့် ပွက်အောင်တည်ပါ။
၂။ ငါးမိနစ်ပြည့်ပါက အာလူး၊ ပဲငံပြာရည် နှစ်မျိုး၊ ဆားနှင့်သကြားထည့်၍မွှေပါ။ မီးအပူရှိန်အနေတော်ဖြင့် မိနစ် ၂၀ ခန့် ဖုံးအုပ်၍ ချက်ပါ။ အာလူးနူးသည်အထိ ချက်ရပါမည်။
၃။ ရွှေပဲသီးတောင့်များကို ဆားထည့်ထားသော ရေနွေးဖြင့် ရေနွေးဖျောပါ။ ထို့နောက် ဆယ်ယူထားပါ။
၎။ ကြက်တောင်ပံအာလူးဟင်းကို ပန်းကန်လုံးထဲ ခပ်ထည့်၍ ဘေးမှရွှေပဲသီးတောင့်များ စီထည့်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။
Ref : Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်