www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

စိမ်းစားဥ ချိုချဉ်ကြော်

စိမ်းစားဥလို့ ခေါ်တဲ့ အရည်ရွှမ်းရွှမ်း အသားချိုချို ဥတစ်မျိုးကို စားဖူးကြမယ် ထင်ပါတယ်နော်။ ice potato လို့ ခေါ်တဲ့ စိမ်းစားဥဟာလည်း ဆောင်းရာသီမှာ အများဆုံး တွေ့ရပြီး အာလူးကဲ့သို့ မြေကြီးထဲမှာ ဥတဲ့ စားစရာဖြစ်ပါတယ်။ အများအားဖြင့်တော့ သွားရေစာအဖြစ် အစိမ်းစားကြပေမဲ့ ကျွန်မတို့ဆီမှာတော့ မုန်ညင်းချဉ်နဲ့ ရောပြီးတော့ ချိုချဉ်ကြော်စားပါတယ်။ အသားနဲ့ ကြိုက်ရင် အသားထည့်ကြော်ပါတယ်။ အသားမထည့်ဘဲ စိမ်းစားဥနဲ့ မုန်ညင်းချဉ်သာ ကြော်မယ်ဆိုရင်လည်း ကြော်လို့ရပါတယ်။

Image Hosted by PicturePush - Photo Sharing
စိမ်းစားဥ

စိမ်းစားဥရဲ့ ချိုချို အရသာဟာ မုန်ညင်းချဉ်ရဲ့ အချဉ်အရသာနဲ့ ပေါင်းသပ်ပြီးချိန်မှာတော့ ချိုချို ချဉ်ချဉ်နဲ့မို့ တကယ်စားလို့ကောင်းပါတယ်။ စိမ်းစားဥ ချိုချဉ်ကြော်နည်းကို မျှဝေရမယ်ဆိုရင်..

Image Hosted by PicturePush - Photo Sharing
စိမ်းစားဥကို အခွံခွာ

Image Hosted by PicturePush - Photo Sharing
ပါးပါးလှီးပါတယ်

Image Hosted by PicturePush - Photo Sharing
ပါးပါးလှီးထားတဲ့ ဝက်သားကို အရင်ကြော်ပါတယ်. ထို့နောက် ကြက်သွန်နီ၊ ဖြူတို့နဲ့ ခရမ်းချဉ်သီး၊ ငရုပ်သီးထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် စိမ်းစားဥကို ထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

ထို့နောက် အနေတော် လှီးဖြတ်ထားတဲ့ မုန်ညင်းချဉ်ကိုထည့်ပါတယ်။ ဆား၊ အရသာမှုန့် ငံပြာရည်ထည့်လိုက်ရင် ချုလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing
စိမ်းစားဥ ဝက်သားမုန်ညင်းချဉ်ကြော်

အရသာချိုချိုချဉ်ချဉ်နဲ့ စိမ်းစားဥကြောပါနော်။

by missgreenlady

0 comments:

Post a Comment

Popular Posts

Blog Archive

လပ်ကီးမြို့တော်