- ပုဇွန်လေးကိုမီးကင်ပြီးသုပ်စားကြမယ်
- ပုဇွန်(ကင်ပြီးသားကိုအခွံခွာပြီးအနေတော်ပိုင်းပေးပါ
- သံပုရာသီး
- ကြက်သွန်နီ(ပါးပါးလှီးပါ)
- ငရုတ်သီးစိမ်း(ပါးပါးလှီးပါ)
- မုံလာဥနီ(ပါးပါးလှီးပါ)
- ဂေါ်ဖီ(ပါးပါးလှီးပါ)
- ပဲအကျက်မှုန့်
- ငံပြာရည်
- နံနံပင်
- ငရုတ်သီးအကျက်မှုန့်
- ဆီချက် တို့နဲ့သုပ်ပါမယ်

ပုဇွန်ကိုရေစင်အောင်ဆေးပြီးဒုတ်လေးများနဲ့ထိုးပေးပါ ကင်တဲ့အခါလျည့်ပေးရတာလွယ်အောင်ပါ

အညှော်ကြောက်တာရယ် ကင်နေရင်းကျွန်းသွားရင်ကျန်းမာရေးနဲ့မညီတာရယ်ကြောင့်အနေတော်လေးမှာချထားလိုက်ပါတယ်

ပုဇွန်ရဲ့အခွံတွေခွာပြီးခေါင်းတွေဖြုတ်ပေးပါ

ပုဇွန်အခွံတွေခွာရင်းကြောလယ်ကမဲမဲကြောင်းလေးတွေကိုဖယ်ပေးပါ
ပြီးရင်တော့ဒီအတိုင်းလေးဘဲစားစား ငရုတ်သီးစိမ်း ကြက်သွန်စိမ်း
သံပုရာသီးလေးတွေနဲ့ဘဲသုပ်စားစား အရမ်းကိုစားလို့ကောင်းပါတယ်

ပုဇွန်သုပ်ဖို့ပြင်ထားတာပါ

အစပ်မပါတဲ့ပုဇွန်သုပ်လေးပါ

ဒါလေးကတော့ငရုတ်သီးစပ်စပ်လေးနဲ့ပါ
by mmlazp
0 comments:
Post a Comment