www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

သခွားသီးသုပ် စပ်စပ်လေး

  • သခွားသီးတစ်လုံးခြစ်ထားပေးပါ
  • ပုဇွန်ထုတ်သုံးကောင် (ပြုပ်ပြီးအခွံခွာထားပေးပါ)
  • ငရုတ်သီးနှစ်တောင့်(ထောင်းထားပေးပါ)
  • ကြက်သွန်နီတစ်လုံး(လှီးထားပေးပါ)
  • ကြက်သွန်ဖြူဆယ်မွှာ(အကွင်းလေးများလှီးပြီးဆီချက်ချက်ပါ)
  • ဆီအကြမ်းပုဂံတစ်လုံး(ဆီချက်ရန်)
  • နနွင်းအနည်းငယ်(ဆီချက်ရန်)
  • ဆား(သို့)ငံပြာရည်အနည်းငယ်
  • ငါးပိရည်(သခွားသီးသုပ်ထဲထည့်ရန်)
  • ဟင်းခတ်မှုန့်နဲနဲ
  • ပင်စိမ်းရွက်
  • သံပုရာသီးတစ်ခြမ်းတို့လိုပါတယ်
သခွားသီးလေးစခြစ်ရအောင်
သခွားသီးလေးကိုအလုံးလိုက်ရေစင်အောင်ဆေးပေးပါ အခွံလေးပါရောပြီးခြစ်ပေးပါ ပုဇွန်ကိုဆားနဲနဲထည့်ပြီးပြုပ်ပေးပါ ကြက်သွန်ဖြူကိုဆီချက်ချက်ပါ ငရုတ်သီးစိမ်းကိုလှော်ပေးပါ ကြက်သွန်နီကိုပါးပါးလှီးပြီးပုဇွန်ထုတ်ကိုအခွံခွာပေးပါ ငရုတ်သီးစိမ်းများကိုမညက်တညက်ထောင်းပြီးပုဇွန်ထုတ်နှင့်ရော၍ထောင်းပေးပါ ငရုတ်သီးစိမ်းကိုအရမ်းညက်အောင်မထောင်းရပါညက်လျှင်စား၍မကောင်းပါ သခွားသီးသုပ်လျှင်အဓိကငပိရည်ကြိုပါမှအရသာပိုပြီးကောင်းပါတယ်ကြက်သွန်နီ ဟင်းခတ်မှုန့် ဆီချက်စားပွဲတင်ဇွန်းနှစ်ဇွန်း ပုဇွန်ငရုတ်သီးစိမ်းထောင်းနှင့်သံပုရာရည်တို့ထည့်နယ်ပါ ပင်စိမ်းရွက်လေးနဲ့ပူပူစပ်စပ်ချဉ်ချဉ်ငံငံသခွားသီးသုပ်လေးရပါပြီ








သခွားသီးသုပ်နှင့်စားရန်ဟင်းခါးလေးချက်ပါမယ်ကြက်ရိုး ပဲကြာဇံ မှိုခြောက် ပဲလိပ်နှင့်ကြက်သွန်ဖြူငရုတ်ကောင်းထောင်းတို့လိုပါတယ် ကြက်ရိုးပြုတ်နူးလာလျှင်ကြာဇံ ပဲလိပ် မှိုခြောက်တို့ထည့်ပြီးငရုတ်ကောင်းကြက်သွန်ဖြူထောင်းလေးခတ်လိုက်ပါ ကြက်ရိုးဟင်းခါးပူပူလေးပါ ကြက်ရိုးဟင်းခါးလေးနဲ့တွဲပြီးစားဖို့သခွားသီးသုပ်ချဉ်ငံစပ်
by mmlazp

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်