ပါဝင်သောပစ္စည်းများ
ကန်စွန်းဥ - ၁၅၀ ဂရမ် (ပေါင်းပြီးချေထားပါ)
ကောက်ညှင်းဆန်မှုန့် - ၃၀၀ ဂရမ် (ဆန်ခါတိုက်စစ်ထားပါ)
သကြားအပွင့်သေး - ၈၀ ဂရမ်
ဆား - စားပွဲတင်ဇွန်း လေးပုံတစ်ပုံ
ဆူအောင်တည်ထားသော
ရေနွေးပူ - ၂၈၀ ml
နှမ်းဖြူ - ၁၀၀ ဂရမ်
ဆီ - ၁ ခွက်စာ
ပြုလုပ်ပုံအဆင့်ဆင့်
ချေထားသော ကန်စွန်းဥ၊ ဆန်မှုန့်၊ သကြားနှင့် ဆားများကို ဇလုံတစ်ခုထဲ ရောထည့်ပါ။ ပြီးလျှင် ရေနွေးပူလောင်းထည့်ပြီး သစ်သားဇွန်းဖြင့် မွှေပေးပါ။ သမပြီး မုန့်နှစ်ပျစ်လာသည်အထိ ဆက်မွှေပေးရမှာ ဖြစ်ပါတယ်။
ရလာသော မုန့်နှစ်ကို လက်ဖြင့် ဂျုံနယ်သလို နယ်ပေးပါ။ မုန့်သားချောမွတ်ပြီး အနည်းငယ် မာလာမည်။ သို့သော် မုန့်သား စေးမနေစေရပါ။ မုန့်သားစေးသွားခဲ့လျှင် ကောက်ညင်းဆန်မှုန့် အနည်းငယ် ဖြူးထည့်ပါ။
မုန့်သားကို ဖဲ့ယူပြီး ၃ စင်တီမီတာ အလုံးငယ်လေးများ လုံးပါ။ ၎င်းမုန့်လုံးကို နှမ်းထဲထည့်ပြီး လိမ့်ပေးပါ။ မုန့်လုံးပေါ်မှာ နှမ်းမကပ်ဘူး ဆိုရင် မုန့်လုံးတဲ့အခါ လက်ကိုရေ အနည်းငယ် ဆွတ်ပြီး လုံးပါ။
အိုးထဲ ဆီထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ဆီပူလျှင် နှမ်းကပ်ထားသော မုန့်လုံးများ ခွဲထည့်ပြီး ကြော်ပါ။ အိုးထဲတွင် မုန့်လုံးများ ပြည့်ကျပ်နေအောင် မထည့်ပါနှင့်။ ငါးမိနစ်ခန့် (သို့မဟုတ်) မုန့်လုံးရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။ အိုးထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။ သုံးဆောင်ဖို့ အချိုပွဲတစ်ပွဲ ရပါပြီ။
Ref: Myin Kwin

0 comments:
Post a Comment