www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ချင်းနံ့မွှေး ဝက်သားသီးရွက်စုံကြော် (Jeyuk Bokum)

ပါဝင်ပစ္စည်း
-ဝက်ဝမ်းဗိုက်သား
(အမြှောင်းရှည်ရှည် လှီးထားပါ)- ၃၀ ကျပ်သား
-ကိုရီးယားပဲငါးပိအစပ်(gochujang)- ထမင်းစားဇွန်း ၃ ဇွန်း
- သကြား- ထမင်းစားဇွန်း ၁ ဇွန်း
- ဆန်ဝိုင်- ထမင်းစားဇွန်း ၁ ဇွန်း
- ကိုရီးယားနှမ်းဆီ- ထမင်းစားဇွန်း ၁ ဇွန်း
- ပဲဆီ- ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကျဲ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ချင်းနုပ်နုပ်စဉ်း- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကိုရီးယားငရုတ်သီးမှုန့် (gochugaru)- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူနုပ်နုပ်စဉ်း- ၂ မြွှာ
- ဂေါ်ဖီထုပ် (အထုပ်သေးတစ်ခြမ်း)- မထူမပါးလှီးထားပါ
- ကြက်သွန်မြိတ်
(လက်နှစ်ဆစ်စီခန့် လှီးထားပါ)- ၁ ပင်
- ငရုတ်သီးစိမ်း (ပါးပါးလှီး)- ၂ တောင့်
ချက်ပြုတ်နည်း
၁။  ဝက်သားကို ပဲငါးပိအစပ်၊ ပဲငံပြာရည်၊ ချင်း၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆန်ဝိုင်နှင့် နှမ်းဆီတို့ဖြင့် နှံ့အောင်နယ်ပြီး အနည်းဆုံးနာရီဝက်ခန့် ဖုံးအုပ်ပြီးနှပ်ထားပါ။
၂။  ဒယ်အိုးထဲတွင် ဆီကိုအပူပေး၍ ကြက်သွန်ဖြူ ဆီသတ်ပါ။ မွှေးလာလျှင် ဂေါ်ဖီ၊ ကြက်သွန်မြိတ်ထည့်၍ နှစ်မိနစ်ခန့် မွှေကြော်ပါ။ အပူရှိန်လျှော့၍ ဝက်သားနှင့် ငရုတ်သီးစိမ်းထည့်ပြီး ရေအနည်းငယ်ဖြင့် နူးသည်အထိမွှေကြော်ပါ။ ဝက်သားနူးလျှင် ထမင်းဖြူနှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Ref : Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်