www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

အမဲသား အာလူး ကတ်သလိတ် (Potato Beef Patties)

ပါဝင်သောပစ္စည်းများ ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ - ၁ လုံး၊ အခွံနွှာပြီး နုပ်နုပ်စဉ်း ထားပါ။
ကြက်သွန်ဖြူ - ၂ မွှာ၊ နုပ်နုပ်စဉ်းပါ။
နုပ်နုပ်စဉ်းထားသော အမဲသား - ၂၀၀ ဂရမ်
အာလူး - ၂ လုံး၊ ပြုတ်၊ အခွံနွှာပြီး ချေထားပါ။
ဆား - စားပွဲတင်ဇွန်း တစ်ဝက်
ငရုတ်ကောင်း - အနည်းငယ်
ရှောက်ရွက် - ၂ ရွက်၊ ပါးပါးလှီးထားပါ။
နံနံပင် - ၂ ပင်၊ ပါးပါးလှီးထားပါ။
ဂျုံမှုန့် - စားပွဲတင်ဇွန်း (၄) ဇွန်း
ကြက်ဥ - ၁ လုံး ခေါက်ထားပါ။
ဆီ - ၁ ခွက်စာ
ပြုလုပ်ပုံအဆင့်ဆင့်
ဒယ်အိုးကြီး တစ်လုံးထဲ ဆီထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ကြက်သွန်နီ၊ ဖြူ ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပါ။ စဉ်းထားသော အမဲသားကို ထည့်ပြီး ညိုလာသည်အထိ ကြော်ပါ။ ချေထားသော အာလူးထည့်ပါ။ ဆား၊ ငရုတ်ကောင်း၊ ရှောက်ရွက်နှင့် နံနံပင် ထည့်ပါ။ သမအောင် မွှေပြီး အိုးထဲမှ ဆယ်ယူပါ။ အနည်းငယ် အေးသွားအောင် အအေး ခံထားပါ။
အေးသွားလျှင် အပြားအဝိုင်းပုံစံများ ပြုလုပ်ပါ။ အာလူးကတ်သလိတ် အပြား ၈ ပြားခန့် ရပါလိမ့်မယ်။ ၎င်းအပြားတစ်ခုချင်းစီကို ဂျုံမှုန့်ကပ်ပါ။ ဇောက်နက်သည့် အိုးထဲတွင် ဆီထည့်ပါ။ ဆီအငွေ့ အနည်းငယ်ပြန်လာလျှင် အာလူးကို ခေါက်ထားသော ကြာက်ဥထဲ နှစ်ပြီး ဆီထဲထည့်ကြော်ပါ။ ရွှေဝါရောင်သန်းလာလျှင် အိုးထဲမှ ဆယ်ပြီး ဆီစစ်ထားပါ။ ပြီးလျှင်တော့ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Ref: Myin Kwin

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်