နေပျော်ပါတယ်လို့ . . .
ဘယ်သူတွေကများပြောသလဲ
မနက် နဲ့ညဟာ
ကော်ဖီခွက်ထဲက အနှစ်သာရလို
အေးစက်စက် . . . ခါးသက်သက်နဲ့
လူဖြစ်ရကျိုးမနပ်ဘူး ကွယ်
ဒီမယ် သူငယ်ချင်း
ငါက ကြယ်မှုန်ကလေးပေမယ့်
ကိုယ့်နိုင်ငံအတွက် .. မှုန်ပြပြလေးအဖြစ် လင်းချင်သေးတယ်
ဘယ်သူတွေဘာပဲပြောပြောပေါ့
အဝေးရောက်သူများအဖို့
ခံစားချက် အချို့ဟာ
မှေးမှိန် ခြောက်သွေ့နေခဲ့ရ
ဗေဒါပင်တွေလည်းမရှိဘူး
နှင်းဆီရနံ့တွေလည်းမရှိဘူး
လေထန်ကုန်းလည်းမရှိဘူး
အင်းလျားလည်းမရှိဘူး
ဒါပေမယ့် အပြုံးတစ်ချို့ကိုတပ်ဆင်လို့
ပညာတတ်ကြီးယောင်ဆောင်နေလိုက်တယ်
ကဲ . . ဘယ်လိုလဲ
ခေတ်ကတော့ ပြောင်းခဲ့ပြီ
အရိုးစွဲ မာန သိက္ခာတစ်ချို့ကိုစွန့်ပစ်လို့
ကျွန်တော် လူရိုးကလေးပဲလုပ်ရမလားဟင်
လွမ်းတတ်ပါတယ်
ခင်ဗျား တို့ ချစ်တာထက်တော့ မလျော့ဘူး
ဒီရေ ဒီမြေကို တမက်မက်နမ်းရှိုက်လို့
ကျွန်တော်က ကျည်ဆန်ရထားတွေ စီးနေရဆဲ
ကျည်ဆန် အလုပ်တွေလုပ်နေရဆဲ
ကျည်ဆန် အလွမ်းတွေ . . အိုး . . .မြန်သထက်မြန်
လူဟာ . . . အမြဲ ကျည်ဖူးအသွင်ဖြစ်ခဲ့
သူငယ်ချင်းရေ
မှောင်မိုက်ခဲ့ရသော ညတွေအကြောင်း
ငါ ကဗျာတွေ သီကုံးထားတယ်ကွယ်
ဘ၀က နေပျော်စရာမရှိပါဘူးလို့တော့မရေရွတ်စမ်းနဲ့
လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်ပေါ့
ဆီဦးထောပတ်စားနေရချိန်
လူဟာ. . ငါးပိရည်ကိုလည်း လွမ်းတတ်တယ်
မီးမလင်းသော ည အချို့နဲ့
ကျွန်တော်တို့ ထိုင်ခဲ့သော လက်ဖက်ရည်ဆိုင်ကလေး
အမြဲပဲ အရင်လို နွေးထွေးနေပါစေကွယ်
သက်တန့်ချို
0 comments:
Post a Comment