www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ဘ၀ဒဿန

ငါနင့်ကိုချစ်တယ်
နင်ငါ့ကိုချစ်တယ်
အချစ်နဲ့ အချစ်ကို ပေါင်းစပ်လို့
ဘ၀တစ်ခုကို ငါတို့စမယ်…

မိုးရွာရင် ထီးမိုးပေးမယ်
နေပူရင် သစ်ရိပ်အောက်မှာနားမယ်
နေစရာမရှိရင် တဲထိုးမယ်
ဘ၀မှာ လစ်ဟာမှုမရှိအောင် ငါတို့ ကြိုးစားမယ်…

မောင်ထမ်းရင် မယ်ရွက်မယ်
နင်ငတ်ရင် ငါလည်းငတ်မယ်
ဆိုးအတူ ကောင်းအဖက်
တသက်စာ ငါတို့ပေါင်းကြမယ်…

ဖိနပ်တစ်ရံ..
နင်တဖက် ငါတဖက်စီးမယ်
ဘ၀လှေ..
လှော်တစ်တက်စီ ခတ်မယ်
အချစ်ကိုအဖော်ပြုလို့..
ဘ၀ကို စုန်ဆန်မြူးမယ်..

ငါသေရင် နင်မငိုနဲ့
နင်သေရင် ငါမငိုဘူး
တရားဘာဝနာကို လက်ကိုင်ပြုလို့
သေချင်းတရားကို စိမ့်စိမ့်ရှုလို့
နင်နဲ့ငါ အပြန်အလှန်
အမျှတွေဝေကြမယ်

သံသရာတလျှောက်
ဘယ်တော့မှ ပြန်မမှတ်မိနိုင်တော့တဲ့
ဘ၀နှစ်ခုအတွက်
အပင်ပန်းခံ သစ္စာတွေ မဆိုဘူး
လက်တွေ့ဖြစ်တဲ့
ဒီဘ၀မှာပဲ
နင်နဲ့ငါ အချစ်ကြိုးတွေ
ဖောင်ဖွဲ့ကြမယ်

ဘယ်တော့မှ ရန်မပါတဲ့
အချစ်တွေနဲ့ပဲ
ငါတို့ထွက်သက်ရပ်တဲ့အထိ
ဆက်ချစ်သွားမယ်…
အနှောင်အဖွဲ့ တစ်ခုမှမပါတဲ့
အချစ်တွေနဲ့
ဘ၀ကို ရဲရဲကြီးရင်ဆိုင်မယ်..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်