www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

တစ်စုံတစ်ယောက်ရဲ့ ရင်ဖွင့်ကဗျာ

တစ်ယောက်တည်းနေတော့ အထီးကျန်
လွမ်းတယ်ဆိုတော့ နောက်ကြောင်းပြန်ရပြီပေါ့...
လေယာဉ်ကွင်းမှာ နှုတ်ဆက်
အပြုံးမပျက်ပဲ ထွက်ခွာခဲ့တဲ့မင်းကို
ခါးသီးစွာ ပြုံးခဲ့ရပေမယ့်..
အလွမ်းတွေနဲ့ ခံစားနေရတဲ့ငါ..
နွေးထွေးတဲ့ အနမ်းကို ယုယုယယနဲ့ပေးချင်ပေမယ့်
ပြောချင်တဲ့စကားကို စာသီဖွဲ့မပြောချင်ပေမယ့်
အမောတကြီးနဲ့ လာခဲ့ရတဲ့ငါ့အတွက်တော့
အားလုံးဆုံးရှုံးခဲ့ရပြီ...။

မင်းဘယ်တော့ပြန်လာမှာလဲ
မင်းဘယ်ကိုသွားဦးမှာလဲ
မင်းဘာတွေ လုပ်ဦးမှာလဲ
မျှော်လင့်ချက်တွေနဲ့ စောင့်နေခဲ့ရတဲ့ငါ
ဒီညမှာတော့
ကြယ်တွေစုံနေတဲ့ ကောင်းကင်ပြင်ကို ကြည့်ပြီး
အဝေးက မင်း...
မကြားနိုင်တဲ့စကားတွေကို ရေရွတ်
ဆုံနိုင်ဖို့ ဆုတောင်းရင်း ငါပြောချလိုက်မိလိုက်တယ်...
`မင်းကို အရမ်းချစ်တယ်...`

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်