www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

သူ မသိတော့တဲ့ ဒီနေ့

သူ မသိပေမယ့်
ထိတွေ့ခဲ့တဲ့ ငါ့လက်တွေ
အလွမ်းတွေ ရေးတစ်လှည့်
တမ်းတတွေးတွေ တီးခတ်တစ်လှည့်ပေါ့…။ ။
သူ မသိပေမယ့်
အိပ်မက်တွေ ယောင်ခဲ့တဲ့ည
မနေ့က အနမ်းတစ်ချို့နဲ့
ငါ့ညတွေ မျက်ရည်များကြား တစ်ရေးနိုးပေါ့…။ ။
သူ မသိပေမယ့်
ခုလို မိုးသည်းတဲ့နေ့
ပြေးဆော့ခဲ့ ကန်ဘောင်ပေါ်က လမ်းတွေထဲ
ငါ့ခြေထောက်တွေ ခုတော့ ရပ်တန့်လို့ နေခဲ့ပေါ့…။ ။
ဒီလိုနဲ့…
သူ မသိပေမယ့်
ငါ့ မျှော်လင့်ချက်မဲ့ခြင်းနဲ့
အဝေးက ငါ့ဆိတ်သုဉ်းခြင်းတွေမှာ
ရေပြင်ပေါ် မိုးသည်းသလို
နေရာလပ် မရှိအောင် ကြေကွဲခဲ့ပေါ့လေ…။ ။


by mysuboo

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်