ကျွန်တော်ဟာ .................
မမြင်ဖူး မူးမြစ်ထင်ဆိုသလို
အမဲသား စားမိသူတစ်ယောက်ပါ၊
စောင့်နော်တဲ့
တကယ်တော့ ဒီစကားဟာ
အသဲနှလုံးကို ထိပ်တုံးခတ်သွားတဲ့ သော့တစ်ချောင်းပါ
ရူးသွပ်တဲ့ငါကတော့
အသွားထက်တဲ့ ဓားစက်ပေါ်မှာ
ကခုန်ခဲ့တယ်
မင်းမလာတဲ့ နေ့ရက်
ပဉ္စလက်ရဲ့ ပျားရည်စက်တောင် ခါးသက်စေခဲ့တယ်
မရေရာတဲ့ကဇာတ်မှာ
တစ်ယောက်တည်း အတွေးစာမူကိုစု
လေဟာနယ်ကို စာတမ်းတင်
ရေပြင်ကို မော်ကွန်းရေး
သစ်ခြောက်ပေထက်မှာ အက္ခရာချ
ခ.ယပင့် ချ. က မတက်ခဲ့ပါဘူး
ပူစပ်တဲ့ငါ့နှလုံးသား
ခြောက်သွေ့တဲ့ အာခေါင်ကို
ရေသန့်နဲ့နှစ်သိမ့်
အား ..............မပျောက်ပါလား
အချစ်ရယ်
မင်းထားခဲ့တဲ့ အထီးကျန်ည
အသက်မဲ့တဲ့ လွမ်းချင်းတယောနဲ့
ကျားသေကို ချော့သိပ်
သမင်သေကို လှုပ်နိုး
အရုပ်ဆိုးတဲ့ သင်္ချိုင်းတစ်ညမှာ
ငါ့နှလုံးသားတွေ
စကားမပြောတော့ပါဘူး။
ချစ်ဆွေဦး
ရေးသားသည်။
မမြင်ဖူး မူးမြစ်ထင်ဆိုသလို
အမဲသား စားမိသူတစ်ယောက်ပါ၊
စောင့်နော်တဲ့
တကယ်တော့ ဒီစကားဟာ
အသဲနှလုံးကို ထိပ်တုံးခတ်သွားတဲ့ သော့တစ်ချောင်းပါ
ရူးသွပ်တဲ့ငါကတော့
အသွားထက်တဲ့ ဓားစက်ပေါ်မှာ
ကခုန်ခဲ့တယ်
မင်းမလာတဲ့ နေ့ရက်
ပဉ္စလက်ရဲ့ ပျားရည်စက်တောင် ခါးသက်စေခဲ့တယ်
မရေရာတဲ့ကဇာတ်မှာ
တစ်ယောက်တည်း အတွေးစာမူကိုစု
လေဟာနယ်ကို စာတမ်းတင်
ရေပြင်ကို မော်ကွန်းရေး
သစ်ခြောက်ပေထက်မှာ အက္ခရာချ
ခ.ယပင့် ချ. က မတက်ခဲ့ပါဘူး
ပူစပ်တဲ့ငါ့နှလုံးသား
ခြောက်သွေ့တဲ့ အာခေါင်ကို
ရေသန့်နဲ့နှစ်သိမ့်
အား ..............မပျောက်ပါလား
အချစ်ရယ်
မင်းထားခဲ့တဲ့ အထီးကျန်ည
အသက်မဲ့တဲ့ လွမ်းချင်းတယောနဲ့
ကျားသေကို ချော့သိပ်
သမင်သေကို လှုပ်နိုး
အရုပ်ဆိုးတဲ့ သင်္ချိုင်းတစ်ညမှာ
ငါ့နှလုံးသားတွေ
စကားမပြောတော့ပါဘူး။
ချစ်ဆွေဦး
ရေးသားသည်။
0 comments:
Post a Comment