ကောင်းကင်ပြာလို အချစ်
ပင်လယ်ပြင်လို မေတ္တာ
ကမ္ဘာမြေပြင်ကို သစ္စာတည်ပြီး
စကြာင်္ဝဠာလိုကြီးမားကျယ်ပြန့်တဲ့ဂရုဏာတွေကို
လှတပတလေးပြင်ဆင်။
အသဲကို နှစ်ခြမ်းခြမ်း
ဗျန်းခနဲမြည်မှ
နှလုံးသားကိုနုတ်
ကြွပ်ကြွပ်အိတ်နဲ့ထုပ်ပြီးလက်ဆောင်ပေးဖို့ရည်ရွယ်ခဲ့။
မင်းမှပြန်မချစ်ရင်
ရှင်လတ်လတ်သေရပါတော့မယ်ဆိုကာမှ
အစအဆုံးမရှိတဲ့
မျှော်လင့်ချက်တွေနဲ့ပေးခဲ့တဲ့အဖြေက----------
`အိမ်ကယောက်ျားနဲ့ တိုင်ပင်လိုက်ဦးမယ်´ တဲ့။
မီဆန်းကေ့ခ်ျ(U.O.F)

0 comments:
Post a Comment