www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မင်းရဲ့ညို့အား

ငေးကြည့်ရုံနဲ့
ငါ့ရင်ကိုလာစူးတဲ့
မင်းရဲ့ဆူး…
နုတ်ယူဖို့ခက်တဲ့
အိပ်မက်တွေမှာ
မင်းအကြည့်က
ရှည်လျားလွန်းတယ်…။

အဓိပ္ပါယ်မဲ့ မိုးတိမ်တွေကို
ငေးမိရင်တောင်
ငါ့ကောင်းကင်ဟာ မင်းဖြစ်ဖြစ်သွားတယ်…။

ရှူရှိုက်ဖို့တောင်မ၀တဲ့
လေညှင်းလေးမှာ
မင်းရနံ့လေးတွေ
လွင့်နေတဲ့အခါ
မိန်းမောသွားမိတယ်…။

သတိလက်လွတ်နဲ့ပဲ
မင်းမျက်ဝန်းကို ငါနမ်းမိတယ်…။

မင်းကျေနပ်မယ်ဆို
ငါ မုသားကင်းစွာ ပြောချင်လေရဲ့
မင်းမျက်ဝန်းကို ငါချစ်တယ်…။


by mypoembag

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်