www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ခါး


အချစ်ကခါးတယ်
အလွမ်းကခါးတယ်
သံယောဇဉ်ကခါးတယ်
မုန်းတီးခြင်းကခါးတယ်
မြတ်နိုးခြင်းကခါးတယ်
အဲဒီလိုကမ္ဘာတွေအထပ်ထပ် ခြားထားလိုက်ပုံများ ။

အာရုဏ်ဦးကခါးတယ်
ညနေခင်းဟာခါးတယ်
စက္ကန့်မိနစ်တိုင်းဟာခါးတယ်
စာနားနားလည်မှုကခါးတယ်
ခွင့်လွှတ်အလျော့ပေးခြင်းကခါးတယ်
ရခိုင်အရေးအခင်းကခါးတယ်
ကုန်ဈေးနှုန်းကခါးတယ်
အဲဒီလို စကားတွေစကားတွေ ကားနေလိုက်ပုံများ ။

အနုပညာဟာခါးတယ်
လိင်အရေးအခင်းဟာ ခါးတယ်
သောက်လက်စ အရက်တစ်ခွက်ကခါးတယ်
စီးကရက်ငွေ့တွေကခါးတယ်
ဒီကဗျာကလည်းခါးတယ်
ကိုယ်ကိုယ်တိုင်ကလည်းခါးတယ်
မြင်မြင်သမျှဟာခါးတယ်
အဲဒီလို ဘ၀ တွေဘ၀တွေ မှားနေလိုက်ပုံများ ။

သက်တန့်ချို

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်