www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

သူမ ကို ကျွန်တော်လွမ်းသည်

အတွေးထဲမှာ..
နှင်းတွေ ဆုပ်ကျဲဖြန့်ကျက်ထားသလိုမျိုး
အဖြူရောင်ငွေ့ငွေ့....
တရွေ့ရွေ့လွမ်း . . တယ် . . .

သူမ ...
နံနက်ခင်းရဲ့နေခြည်
အလင်းတွေဝေဖြာလို့
ကြယ်တစ်စင်းလင်းလက်သလိုမျိုး
ကျွန်တော့်ကို . . နွေးစေတယ် ...

သူမ ....
ရင့်ကျက်တဲ့အလှတရားနဲ့
ကျွန်တော့်အတွက်ဆို...
ကမ္ဘာကိုတောင်ဖန်ဆင်းမတဲ့ ...
အရာရာကို စိုးမိုး
ခပ်တိုးတိုးလေးညည်းမိတယ် ...
အရမ်း. . . လွမ်းတယ် ...

သူမ ....
မျှော်လင့်ခြင်းတွေပွေ့ဖက်လို့
ပန်းတွေ တယုတယပျိုးတယ်
မေတ္တာတရားနဲ့ချစ်ခြင်းကို
အချိုးညီညီ ရောစပ်လို့
ကျွန်တော့်အတွက်...
ရွှေအိုရောင်သံစဉ်တွေ
တေးသီဆိုတယ် . . .

သူမ ....
နေခြည်ရဲ့နတ်သမီး
အနက်ရှိုင်းဆုံးလွင့်ပျံလို့....
နှင်းတွေ တဖွဲဖွဲ့
မိုးတွေ တ ဖွဲ ဖွဲ . . .
အလွမ်းတွေ .. . . . တ သည်း သည်း . . . .

သက်တန့်ချို

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်