www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

မိုးစက်ကြားက ရင်ခုန်သံ


မိုးရွာတဲ့နေ့တနေ့ပေါ့
မိုးတိမ်တွေက ကမ္ဘာမြေကြီးကို
အငြိုးကြီးကြီးနဲ့ စိုးမိုးထားတဲ့အချိန်
အမှောင်ထု ဖုံးလွမ်းနေတဲ့
ပတ်ဝန်းကျင်တခုရဲ့ ရောင်စုံမီးအောက်က
ရင်ကိုအေးချမ်းစေတဲ့ သူမရဲ့
အပြုံးဝင့်တချက်က ငါ့နှလုံးသားကို
ထိန်းညှိမရအောင် လှုပ်ခတ်စေခဲ့ပြီ...... 
   ညင်သာစွာလှမ်းလာတဲ့ သူမရဲ့ခြေလှမ်းတိုင်းကို
  ငါရေတွက်နေမိသည့်တိုင် သူမဆီကလွင့်ပျံ့လာတဲ့
  ရနံ့သင်းသင်းလေးတွေက ငါ့နှလုံးသားကို
  ရီဝေယစ်မူးစေခဲ့ပြီ.....
    ဆုံတွေ့ချိန်က ခဏလေးဆိုပေမယ့်
    ငါ့ရင်ထဲမှာ ရှင်သန်ဆဲ မင့်ရဲ့ပုံရိပ်တွေ
    ငါ့နှလုံးသားက ရီဝေစွာနဲ့ တပ်မက်နေဆဲ
    မင်းရဲ့ရနံ့တွေ အတိတ်ဆိုတာ
     ပြန်မရနိုင်တော့မှန်းသိပေမယ့် ငါတမ်းတနေမိတယ်
     အလည်လွန်နေတဲ့ ငါ့အတွေးတွေကို လိုက်ဖမ်းတိုင်းလည်း
     သူမဆီမှာမိခဲ့တယ် တကယ်ပါသူမကို
     ရိုးသားစွာနဲ့ ငါချစ်မိနေခဲ့ပြီ......
               

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်