www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ငါချစ်တဲ့ ပန်းတစ်ပွင့်


ချစ်တယ်..
ဒါပေမယ့် မြိုသိပ်နိုင်ရမယ်.
မသိသလိုပဲနေ
မချစ်သလိုပဲပြော
အချစ်ဟာ ပိုင်ဆိုင်ဖို့မှ မဟုတ်တာ..

မမြိုသိပ်နိုင်တဲ့ တနေ့
ဖွင့်ပြောလိုက်တော့လည်း
ပိုင်ဆိုင်လိုစိတ်
ငါ့မှာ နည်းနည်းမှ မရှိတာ
ငါ့ကိုယ်ငါ အယုံဆုံးပဲ…

လှပလွန်းတဲ့ ပန်းတစ်ပွင့်
ဘယ်သူတွေ ခူးဆွတ်လိုလို
ငါသ၀န်မတိုပါဘူး
ပိုင်ဆိုင်သူရှိတဲ့ ပန်းတစ်ပွင့်ကို
အဝေးကပဲ
ရီဝေစွာ ငါချစ်နေမယ်…

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်