www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်မှု ပုဒ်မ

အချစ်ကို ခါးပိုက်နှိုက်လို့
 ပုဒ်မတစ်ခုခု တပ်ပြီး စီရင်ချက်ချမယ်ဆိုရင်
ချစ်ခြင်းရဲ့ အပြစ်ဒဏ်တွက်
 တစ်သက်တစ်ကျွန်းထိ ခံပစ်လိုက်မယ်။
 နောင်တတော့ မရဘူး
အရောင်ကျအောင်တော့
 နှလုံးသားကို ခဏခဏ ဆေးလူးနေရတယ်
 နင်တွေးဖူးမှာလည်း မဟုတ်လောက်ပါဘူး
 ငါ့တွက်တော့ နင်သာတစ်ဦးတည်းဖြစ်ပေမယ့်
နင့်တွက်ကျ ငါ့ကို နေရာတောင်မရှိဘူးမလား
 မသိဘူးတော့ မထင်နဲ့နော်
 အ လို့မဟုတ်ဘူး ဘ၀ကို
  နင်ချနင်းဘို့ ခင်းထားတာပါ။
နင်ပျော်မယ်ဆို.........
 နှလုံးသားကို ထွေခင်း
ငါ့အချစ်တွေကိုလည်း ချနင်း
ရည်မှန်းချက်တွေလည်း တစ်စချင်း
 ခြွေ
ပစ်
လိုက်
 နိုင်
ပါတယ်။။။။။။။။။

 နေတိမ်တိုက်(စစ်မင်းနေ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်