www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

အဝေး

မင်းသွားမဲ့လမ်းကို
ငါမတားရက်ပါဘူး…

မင်းရဲ့ လမ်းမှာ ငါဆိုတာ
အတားအဆီးတစ်ခု ဆိုခဲ့ရင်
ရှောင်ခွါလို့ အဝေးကိုပြေးပါ့မယ်…

မင်းနဲ့ ဝေးပေမယ့်
မင်းချန်ထားခဲ့တဲ့
နေရာလေးတွေမှာ
ဖြစ်သလိုပဲ
ပျော်အောင်နေတတ်ဖို့
ငါကြိုးစားနေပါတယ်…
ငါဟာ မင်းအတွက်
အချစ်ကလွဲပြီး ဘာတစ်ခုမှ
မပေးနိုင်ခဲ့တာကတော့
ငါ့ရဲ့ အကြီးမားဆုံး အားနည်းခြင်းပဲဆိုတာ…
သိလိုက်ရတဲ့ အချိန်ကျတော့
မင်းက ငါ့ရဲ့ ဝေးဆုံးကို
ထွက်သွားခဲ့ပြီလေ…
ဒါပေမယ့်… ရယ်…
မင်းရင်ခွင်ရဲ့ အနီးဆုံးနေရာမှာ
ငါ့နှလုံးသား၊
ငါ့အချစ်၊
ငါ့ဘ၀..အားလုံးကို
မင်းနဲ့ မဝေးခင်တုန်းကရင်း
မြုပ်နှံခဲ့ပြီးလို့ ….ခုဆို…
ငါ အားလုံးကို ကျေနပ်နေပါပြီလေ….

by mysuboo

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.