ပထမဆုံးအဆင့်အနေနဲ့ Run Box (Window Key + R) ထဲမှာ
shell:sendto ထည့်ပြီး OK နှိပ်လိုက်ပါ။ Sendto folder ထဲရောက်ပြီဆိုရင် folder ပေါ်
R-click လုပ်ပြီး New ထဲက shortcut ကို ရွေးလိုက်ပါ။ ပြီးရင်တော့ Browse ကို ကလင့်ပြီး
sendto list ထည့်ချင်တဲ့ folder ကိုရွေးရမှာပါ။ ကိုယ်လိုချင်တဲ့ folder ကို တည်ဆောက်ထားလို့
ရနိုင်ပါလိမ့်မယ်။ အဲဒီ နေရာမှာ My computer ထဲက C: တို့ D: တို့ကိုလည်း ရွေးလို့လည်းရနိုင်ပါတယ်။
ပြီးရင် Next, Finish ကိုရွေးပေးလိုက်ရင် sendto folder ထဲမှာ ကိုယ်ရွေးထားတဲ့
folder ရဲ့ shortcut ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ sendto ကနေ ကိုယ်ရွေးပေးထားတဲ့
folder ထဲကို တိုက်ရိုက်ဖိုင်တွေထည့်လို့ရပါပြီ။
0 comments:
Post a Comment