www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

လမ်းပေါ်မှာ ကြွေတဲ့ပန်း

လမ်းဘေးနေ အခြေမမြင့်လေတဲ့
ပန်းလေးတွေအနေမ၀င့်သော်လည်း
 ကြွေသင့်မှ ကြွေထိုက်တယ်
အရိုက်အရာနဲ့ ပန်းတော်ဝင်
 အခိုက်အညှာလွယ် သူဘ၀င်မြင့်
 အပင့်မြင့်သော်လည်း
 ခြွေလင့်သူမလွယ်ခက် နွမ်းညှိုးတတ်တယ်။
 ယဉ်မတန် ပန်တော်ကျရယ်လို့
 ရွှေရင်မှာ ဘ၀င်နင့်စရာပေါ့ ...
 လိပ်ပြာလည် အနမ်းရင့်သော်ကြောင့်
ပန်းကလေးကြွေခဲ့ပြီ။
 ဖြေဆည်မရ ဘ၀လမ်း
မင်းမြတ်စံပန်းတော်မှ
ကမ်းလင့်သူ မရှိဘူးထင်ပ
နန်းမြင့်သူ ဂုဏ်ရည်တင့်သော်လည်း
 အဆင့်ဆင့်နဲ့ ဘ၀င်ခံ
 ဆင်ခြင်ဥာဏ် သတိမှားလေက
 နန်းမြင့်ယံ ဘုံမရှိပေဘူး
လမ်းဘေးမှာစံ။

(မြန်မာ့ ပန်းကောင်း အမျိုးသမီးလောင်းတို့အား ရည်ညွှန်းဖွဲ့ဆိုပါသည်)

စစ်မင်းနေ(နေတိမ်တိုက်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်