www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

web hacking လေးကို အပျင်းပြေစမ်းကြည့်ရအောင်

ဒါလေးကတော့ ဘာရယ်တော့မဟုတ်ပါဘူး အပျင်းပြေတာပေါ့..

ဒါပေ့မယ် သုံးတတ်ရင် site တစ်ခုမှာရှိတဲ့ ကိုယ်လိုချင်တဲ့ပုံလေးတွေကိုခိုးလို့ရတယ်နော်..

ပုံအတွက်ကတော့ တော်တော်လေးအဆင်ပြေတယ်...ကျန်တာကတော့ ကိုယ်ဟာကိုယ်ပဲ

ရှောက်ကလိကြည့်ပေါ့လေ..:D

ကဲ လေရှည်မနေတော့ဘူး တော်ကြာကျန်တဲ့သူကိုမကြောက်ရဘူး ပန့်မလေးကတော့ နည်းနည်း

ကြောက်ရတယ် သူကရှောက်ရှောက်ရေးတာ..တော်ကြာကိုလပ်ကီးက လေရှည်ကြီးလို့လည်း ရေးနေဦးမယ် မနေ့ကလည်း မာမီကီးတဲ့ရေးပြီးပြီ..ထားလိုက်ပါတော့ လေမရှည်ဘူးလို့ပြောပြီးလေရှည်မိနေပြန်ပြီး..ဟီးဟီး..

လိုရင်းကိုမရောက်တော့ဘူး..

ပထမဦးဆုံး ကိုယ်စမ်းချင်တဲ့ ၀က်ဆိုက်တစ်ခုကို အရင်ဖွင့်...

နောက်..ဖွင့်ထားတဲ့ website ရဲ့ address အကွက်မှာ

Adress ကိုဖျက်ပြီး အောက်က ကုတ်လေးကို ကော်ပီကူးပြီး ထည့်လိုက်

ပြီးရင်တော့ enter ကိုနှိပ်လိုက်...



javascript: document.body.contentEditable = 'true';



document.designMode = 'on'; void 0



ပြီးသွားပြီဆိုရင်တော့ အဲဒီ site ရဲ့ စာမျက်နှာပေါ်ကို ရောက်သွားတာနဲ့

website အတွင်း Admin တစ်ယောက်လို



ဖျက်ချင်တာကိုဖျက် ရေးချင်တာကို ပြန်ရေးနိုင်ပြီနော်...ပုံလေးတွေလဲခိုးလို့ရပြီ



သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ...

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်