www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်သူ

လ၀န်းလေးကို ငေးနေရင်းလည်း
မင်းမျက်နှာပဲ မြင်ယောင်မိတယ်...

လေပြေလေးတွေကို နမ်းရှိုက်ရင်းလည်း...
မင်းရနံ့လေးပဲ ရှူရှုက်မိတယ်...

မျက်လုံးလေးတွေ မှိတ်လိုက်တိုင်းလည်း...
မင်းမျက်ဝန်းလေးတွေ မြင်မိနေတယ်...

သန်းခေါင်ယံကျော် အိပ်မရတိုင်းလည်း..
မင်းဓါတ်ပုံလေး ခိုးခိုးကြည့်တယ်...

မင်းရဲ့ အပြုံး မင်းမျက်လုံးလေးတွေက
ငါ့ရင်ဘတ်ကို တုန်ဟီးစေတယ်...

မည်းနက်ဖြောင့်စင်း ဆံနွယ်လေးတွေက
ငါ့နှုတ်ခမ်းတစုံကို လှုပ်ရွစေတယ်..

အိုး... ချစ်သူ
မင်းရဲ့ ညှို့စွမ်းအင်နဲ့
ငါ့နှလုံးသားတစ်ခုလုံးကို
သိမ်းပိုက်လိုက်စမ်းပါ...

ရင်ခုန်သံ တဒိတ်ဒိတ်နဲ့
နေမရထိုင်မရတဲ့ ဘ၀ကို
ချစ်သူ့လက်နဲ့.. အဆုံးသတ်ပေးပါတော့
အိုး.... ဘ၀အရှင်..

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်