လိပ်စာမပါပဲ ၀င်ရောက်လာတဲ့
မင်းရဲ့ ရက်စက်ခြင်းတွေက
လမ်းဘေးက တဲအိုပျက်ကြီးတစ်လုံးလို
ကဗျာဆန်ပေမယ့် ကာရန်မညီပါဘူး
ဖြစ်နိုင်ရင်
နပိုလီယံကို အပြစ်ပြောချင်တယ်
အချစ်အောက်ဒူးထောက်ခဲ့လို့
ဟစ်တလာကို အားကျတယ်
ရက်စက်ခြင်းတွေပိုင်ဆိုင်ချင်လို့
နယူတန်ကို ဂျစ်ကန်ကန်လုပ်ချင်တယ်
သူ့အယူအဆတွေ မမှန်ချင်တော့လို့
အချစ်ကိုလေလံ တင်ရောင်းချတဲ့နေ့က
အတောင်ကျိုးတဲ့ ငှက်ကလေးတွေတောင်
ကောင်းကင်မှာ ထပျံလို့
မိုးလေ၀သဌာနက ကြော်ငြာတယ်
အဲဒီနေ့က အပူချိန်ဟာ 100 ဒီဂရီ စင်တီဂရိတ်တဲ့
အဲဒီနေ့ကို ငါမှတ်မိတယ်
မင်းပါးပြင်ပေါ်မှာ မျက်ရည်စတွေသန်းနေလို့
ချစ်ဆွေဦး
ရေးသားသည်။
မင်းရဲ့ ရက်စက်ခြင်းတွေက
လမ်းဘေးက တဲအိုပျက်ကြီးတစ်လုံးလို
ကဗျာဆန်ပေမယ့် ကာရန်မညီပါဘူး
ဖြစ်နိုင်ရင်
နပိုလီယံကို အပြစ်ပြောချင်တယ်
အချစ်အောက်ဒူးထောက်ခဲ့လို့
ဟစ်တလာကို အားကျတယ်
ရက်စက်ခြင်းတွေပိုင်ဆိုင်ချင်လို့
နယူတန်ကို ဂျစ်ကန်ကန်လုပ်ချင်တယ်
သူ့အယူအဆတွေ မမှန်ချင်တော့လို့
အချစ်ကိုလေလံ တင်ရောင်းချတဲ့နေ့က
အတောင်ကျိုးတဲ့ ငှက်ကလေးတွေတောင်
ကောင်းကင်မှာ ထပျံလို့
မိုးလေ၀သဌာနက ကြော်ငြာတယ်
အဲဒီနေ့က အပူချိန်ဟာ 100 ဒီဂရီ စင်တီဂရိတ်တဲ့
အဲဒီနေ့ကို ငါမှတ်မိတယ်
မင်းပါးပြင်ပေါ်မှာ မျက်ရည်စတွေသန်းနေလို့
ချစ်ဆွေဦး
ရေးသားသည်။
0 comments:
Post a Comment