www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

iPad ၏ ဘက်ထရီသက်တမ်း ကောင်းမွန်စေရန် နည်းလမ်း...

၁။ Push and Fetch Setting များချိန်ညှိခြင်း
    မိမိအနေဖြင့် iPad အသုံးပြုကာ mail စစ်ခြင်းအားအဓိကမသုံးလျှင်တော့ Push Setting အား Off
    လုပ်ထားပေးသင့်ပါတယ်။ ထို့အပြင် Fetch Setting တွင်လည်း Manually (သို့) Hourly ရွေးပေး
    ထားရပါမယ်။ Push and Fetch Setting ကိုချိန်ညှိနိုင်ရန် Setting>Main, Contacts, Calendar
    >Fetch New Data ကို သွားကာ ချိန်ညှိထားနိုင်ပါတယ်။
၂။ Bluetooth အားပိတ်ထားခြင်း
    Bluetooth keyboard ဖြင့် iPad2 အား အမြဲအသုံးမပြုရင်တော့ Bluetooth အား ပိတ်ထားသင့်ပါ
    တယ်။ Bluetooth အားပိတ်ထားရန်အတွက် Setting မှ General သို့သွားကာ Bluetooth အား
    Off လုပ်ထားပေးနိုင်ပါတယ်။
၃။ Wi-Fi အားမလိုအပ်သောအချိန် ပိတ်ထားခြင်း
မိမိရဲ့ မနက်ခင်း အားလပ်ချိန်လေးမှာ iBook စာအုပ်စင်လေး စာအုပ်တစ်အုပ်ယူဖတ်မယ်၊           အပျင်းပြေလေး Supper Stickman Golf ဂိမ်းခဏဆော့မယ်၊ အဲအတွက် Wi-Fi ဖွင့်ထားခြင်းတွေမလုအပ်ပါဘူး။ Wi-Fi အသုံးမလိုတဲ့အခါများတွင် Wi-Fi အားပိတ်ထားပေးသင့်ပါတယ်။ Wi-Fi အားပိတ်ရန်အတွက် Setting မှ Wi-Fi သို့သွားကာ Off လုပ်ပေးရပါတယ်။
၎။ Ping အားပိတ်ထားခြင်း
Apple ရှဲ့Social networking music ၀န်ဆောင်မှုဖြစ်တဲ့ Ping ဟာ IOS 4.3 တွင် default အားဖြင့် On လုပ်ထားပေးပါတယ်။ ထိုသို့ On ထားခြင်းသည် ဘက်ထရီသက်တမ်းအား လျော့နည်းစေပါတယ်။ အဲ့အတွက် အား Off လုပ်ထားသင့်ပါတယ်။ Setting မှ General and enable Restriction သို့သွားကာ Ping အား Off လုပ်ပေးထားနိုင်ပါတယ်။
၅။ Location Service application များအား ပိတ်ထားခြင်း
တည်နေရာပြ application များအား အမြဲဖွင့်ထားမယ်ဆိုရင်တော့ ဘက်ထရီသက်တမ်းကို  လျော့နည်းစေပါတယ်။ အဲဒီအတွက် Location service ပေးတဲ့ application များကို အသုံးပြုပြီးတော့ သေချာပိတ်သင်ပြါတယ်။ Location Service application များကို ပိတ်ရန် setting မှ Location Services သို့သွား Location Service ပေးတဲ့ application များ(ဥပမာ- Google Maps (သို့) အခြား GPS application)  ကိုပိတ်ပေးထားသင့်ပါတယ်။
၆။ Off Natification
မလိုအပ်တဲ့ Notification များကိုလဲ ပိတ်ထားသင့်ပါတယ်။ အချို့ application များတွင် notification များကို အမြဲဖော်ပြပေးနေပါတယ်။ Notification များအားပိတ်ရာတွင် Notification အားလုံးကိုပိတ်ထားခြင်း (သို့) Notification ဖော်ပြတဲ့ application များကို ရွေးချယ်ပိတ်နိုင်ပါတယ်။
၇။ Turn off Equalizer
iPad ရဲ့ iPod application မှ Equalizer ကိုပိတ်ထားခြင်းအားဖြင့်လည်း ဘက်ထရီသက်တမ်းကို ကြာရှည်ခံအောင်ပြုလုပ်နိုင်ပါတယ်။ Setting မှ iPod သို့ သွားကာ Off အားရွေးကာ ပိတ်ထားနိုင်ပါတယ်။
၈။ Screen Brightness အားချိန်ညှိခြင်း
Screen Brightness အား အမြင့်ဆုံးထားတာ အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီကို လျှင်မြန်စွာကုန်စေပါတယ်။ အဲဒီအတွက် screen Brightness အား အနည်းငယ်လျော့ကာ အသုံးပြုသင့်ပါတယ်။ settings> Brightness & Wallpaper သို့သွားကာချိန်ညှိနိုင်ပါတယ်။
၉။ ပတ်ဝန်းကျင်ရာသီဥတုအား ဂရုစိုက်ခြင်း
Apple မှ iPad ၏ အပူချိန်ဒီဂရီအား 32 နှင့် 95 ဒီဂရီအကြားတွင် ထားသင့်ကြောင်း ဖော်ပြထားပါတယ်။ ကမ်းခြေများတွင် အသုံးပြုရင်လည်း အရိပ်ထဲတွင် အသုံးပြုသင့်ပါတယ်။ ထို့အပြင် ကားထဲတွင်လည်း အပူချိန်များတဲ့ နေရာတွင်လည်း မထးပါနှင့်။
၁၀။ Up to Date
မိမိရဲ့ Ipad အား update ပြုလုပ်ကာ အသုံးပြုသင့်ပါတယ်။ တစ်ချို့ update များမှာ ဘက်ထရီအားတိုးတက်ကောင်းမွန်စေတဲ့ နည်းပညာများပါဝင်လာပါတယ်။ မိမိအနေဖြင့် iPad အား Jailbreak လုပ်ကာ application များ ထည့်သွင်းအသုံးပြုတယ်ဆိုရင်တော့ မိမိ update လုပ်မယ့် version ဟာ Jailbreak ရမရကြိုတင်လေ့လာပြီးမှ update လုပ်သင့်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်