www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချိုသောအရှုံး

ငါဖြစ်ချင်တာထက်
မင်းမဖြစ်ချင်တာ ငါမလုပ်လိုဘူး ။
ငါလွမ်းနေမှာထက်
မင်းမထမ်းချင်တဲ့ဝန် ငါမပေးလိုဘူး ။
ငါချစ်ချင်တာပဲ ငါသိလို့မရအောင်
မင်းဖြစ်လိုရာ ငါစတေးလိုက်ချင်တယ် ။
ပြောစရာအများအပြားကျန်သေးပေမယ့်
နှုတ်ဆိတ်ထားတယ် မင်းအတွက် …..
ငါ့မျက်နှာလွှဲတုန်းခဏ
အကွက်တွေရွှေ့လိုက်ပါ။
“Game Over” လို့အော်ပြီး
ငါ့ဟားတိုက်လိုက်ကွာ ။
ထပ်ခါထပ်ခါပြောနေမှအချစ်မဟုတ်ဘူး ။
အနိုင်ယူလိုတဲ့မင်းအတွက်
Congratulate လုပ်လိုက်မယ် ။
ချစ်တတ်ရင် အရှုံးကလဲချိုမြိန်တယ် ။
ဇူဇူးစံ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်